ယနေ့ခေတ်ကြီးမှာ နေရာတကာမှာ ဝေဖန်ရေးဆရာတွေသိပ်ပေါတယ်။ ဒါပေမယ့်ဝေဖန်မူတခုသာရှိပြီး ယုံကြည်မူတရားတွေမရှိလျှင်မိစ္ဆာပါပဲ။

ရန်ကုန်မြို့ ၏ အမှောင်ဖုံးည များကို ရဲရွာကြောင့် လွန်မြောက်နိုင်မည် မဟုတ်

29/11/2009
Freedom News Group

မန္တလေး မြို့ ၏ အရှေ့တောင်ဘက် မြစ်ငယ်မြစ် ပေါ်တွင် တည်ဆောက် ထားသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ရဲရွာရေအားလျှပ်စစ် စီမံကိန်း မှ စတင်၍ ဓာတ်အားပေးလွှတ်မည်ဆိုသော် လည်း ရန်ကုန် နှင့် အခြားမြို့ ရွာများနေ ပြည်သူတို့ အတွက်မဟုတ်ပဲနေပြည်တော်ရှိအရေးကြီးရုံးဌာနနှင့်
အဆောက်အဦများအတွက်သာဖြစ်ကြောင်းသိရသည်။
ဒီဇင်ဘာလတွင် ပထမ ဦးဆုံးစက် တစ်လုံးကို စတင်လည် ပတ်တော့မည် ဖြစ်ကြောင်းမြန်မာ့ လျှပ်စစ်ဓာတ်အားဦးစီးဌာန က မြစ်ငယ်မြစ် အနီးအပါးရှိ ကျေးရွာများကိုအကြောင်းကြားထားသည်။

နေပြည်တော်ရှိ မြန်မာ့လျှပ် စစ်ဓာတ်အားလုပ်ငန်းမှ တာဝန်ရှိ သူ တစ်ဦးကမူ “နေပြည်တော်မှာ ရှော့ပင်းစင်တာတွေ ၊ရုပ်ရှင်ရုံတွေ၊ ဟိုတယ်တွေ ဆောက်ထားတာ လျှပ်စစ်ဓာတ်အား မလုံလောက်ဘူး ၊အခု စက်တစ်လုံးနဲ့ တော့ ရန်ကုန် ကိုခွဲပေးလို့ မဖြစ်နိုင်သေးဘူး ”ဟုပြောသည်။



စုစုပေါင်းလျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၇၉၀ ထုတ်လုပ်နိုင်သည့် ရဲရွာရေ အားလျှပ်စစ်သည်၂၀၁၀ ခုနှစ်တွင် စက်လုံးရေ အပြည့် စတင်လည်ပတ်နိုင်မည် ဖြစ်သည်။



တစ်နေ့ လျှင် ပုံမှန် မီးလာချိန် လေးနာရီ ခန့် ဖြင့် ရှင်သန်နေရသည့် ရန်ကုန် မြို့ သားတို့ သည် ရဲရွာရေအားလျှပ် စစ်ကြောင့် မီးပုံမှန် လာနိုင်တော့မည် ဟု မျှော်လင့်ကြသည်။

ရန်ကုန် မြို့ ကြက်တန်းရှိ မီးစက် ရောင်းသူ တစ်ဦးက “ရဲရွာက လျှပ်စစ်ဓာတ်အားစလည်ပတ်မယ်ဆိုတော့ မီးစက်တွေ ဈေးကျသွားတယ်လေ ၊နောက် ရန်ကုန် အတွက်
ပေးမှာ မဟုတ် ဘူးဆိုတော့ ဈေးက ပုံမှန် အတိုင်းပဲ “ဟုပြောသည်။



ဆယ်တန်းစာမေးပွဲ အမှီ မီးပေး နိုင်ရန် အတွက် ရဲရွာရေအားလျှပ် စစ် ၏ ပထမဦးဆုံးတာဘိုင် ကို စတင် လည်ပတ် ခြင်း ဖြစ်သည် ဟု လျှပ်စစ် ၀န်ထမ်းတစ်ဦးက ပြောသည်။

ထွက်ရှိမည့် လျှပ်စစ်ဓာတ် အားများကို ၂၃၀ ကေဗီ ဓာတ်အားလိုင်းများမှ တစ်ဆင့် တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။



အစိုးရ အာဘော် သတင်းစာများတွင် မူ ထွက်ရှိမည့် လျှပ်စစ်ဓာတ် အားများကို ၂၃၀ ကေဗီ ဓာတ်အားလိုင်းများမှ တစ်ဆင့် တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မှတ်ချက်//http://longwalktofreedom.wordpress.com/မှကူးယုဖေါ်ပြသည်

ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...

ဝံပုလွေများ ရောင်းရန်ရှိသည်

29/11/2009


ငယ်စဉ်က ကျောင်းသင်ခန်းစာတစ်ခုမှာ သိုးရေခြုံသော ၀ံပုလွေဆိုပြီးသင်ခဲ့ရဖူးတယ်။ ၀ံပုလွေတစ်ကောင်က သေသွားပြီးတဲ့ သိုးတစ်ကောင်ရဲ့ အရေကိုခြုံလို့ သိုးအုပ်ထဲမှာ အယုံသွင်းနေပြီး နေ့စဉ်နဲ့အမျှ သိုးတွေကို ကိုက်သတ်စားလာခဲ့တဲ့ အကြောင်းလေးပေါ့။ ဒါပေမယ့်လည်း အတုဆိုတာ ရေရှည်မှာတော့ ဇာတိရုပ်ပြန်ပေါ်စမြဲပဲလေ။ သိုးများရဲ့ ဦးရေစာရင်းလျော့နည်းလာမှုကလည်း အယောင်ဆောင် ၀ံပုလွေကြီးအတွက် ကံဆိုးချင်း နိမိတ်ရဲ့ အခြေခံအကြောင်း တစ်ချက်ဖြစ်ပါလိမ့်မယ်။ နောက်တော့လည်း အယောင်ဆောင်ကောင်းလှတဲ့ စူပါမင်းသားကြီး ၀ံပုလွေခမျာ သူရဲ့ ၀ံပုလွေဆိုတဲ့ ဇာတိရုပ်က ဗူးပေါ်သလိုပေါ်သွားခဲ့ပါတော့တယ်။ အဲဒီမှာသင်ခဲ့ရတုန်းက ၀ံပုလွေက တစ်ကောင်းတည်းရယ်ပါ။

ကိုင်း အခုတော့ မြန်မာပြည်က လူသားစားတဲ့ >အဲလေ ယောင်လို့< သူသတ်ကောင်းတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ပြည်သူလူထုအလယ်မှာ အယောင်ဆောင်ကောင်းနေကြပြန်ပါပြီ။ ဒါပေမယ့် ပြည်သူတွေက လူသားတွေလေ သိုးမှ မဟုတ်ကြတာပဲ ၊ အယောင်ဆောင်ကောင်းကြတဲ့ သူတွေဆိုတာ သိခဲ့တာကြာပေါ့။ လူသတ်တဲ့နေရာမှာ ပြိုင်စံရှားတွေဆိုတော့ အသက်ကလေးရယ်တဲ့ ရှည်စွာနေပါရစေတော့ရယ်လို့ အသက်ကိုဖက်နဲ့ထုပ်ပြီး စစ်ဗိုလ်တွေရဲ့ ရှေ့မှာ ဟန်ဆောင်ပြနေကြရတာလေ။ ၀ံပုလွေတစ်ကောင်လို ဟန်ဆောင်နေကြတာတော့ မဟုတ်ဘူးနော်၊ ယုန်ကလေးလို နာစေးနေကြတာလေ။ ယခုလည်း ကြည့်စမ်းပါအုံး၊ နိုဝင်ဘာ ၂၇ ရက်နေ့က လုပ်သွားခဲ့တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုလား ဘာဆိုလဲ ၊ ဘယ်သူအတွက် ကြံ့ခိုင်ပြီးတော့ ဘယ်သူတွေအတွက် ဖွံ့ဖြိုးဖို့လည်းတော့ မသိဘူး၊ ဒါကတော့ ထားလိုက်ပါတော့ အဲဒီပွဲမှာပြောသွားခဲ့တဲ့စကားတွေက နှစ်နှစ်ဆယ်လုံး တိုင်းပြည်ကြီးကို အုပ်ချုပ်လာခဲ့ကြရင်း ပြောလာခဲ့ကြတဲ့ အပ်ကြောင်းထပ် စကားတွေပဲလေ။ တစ်ချိန်က ဝေသာလီပြည်ကြီးရဲ့ စည်ပင်ဝပြောမှုကို တင်စားလေ့ရှိတဲ့စကားက ကြက်ပြန်မကျ တဲ့။ ဒါပေမယ့် မြန်မာပြည်က ၀ံပုလွေကြီးတွေ ပြောတဲ့အတိုင်းသာ မြန်မာပြည်ကြီး သာယာဝပြောခဲ့မယ်ဆိုရင်တော့ ခြင်ကလေးတောင် နားခိုစရာရှိမှာမဟုတ်ပါဘူးနော်။ ၀ံပုလွေခေါင်းဆောင်ကြီး ဗိုလ်သန်းရွှေပြောတဲ့ စကားတွေကို အကုန်မကြည့်ပါနဲ့ ၊ သတင်းစာပါ ကောက်နှုတ်ချက်လေးတွေကိုပဲကြည့်လိုက်ပါအုံး။ သူတို့ပြောတဲ့စကားနဲ့ လက်တွေ့ဘ၀ဖြစ်နေတာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ကောင်းကင်နဲ့ မြေကြီးကမှ အပေါ်နဲ့အောက် မြင်နေရလို့ ပိုပြီး နီးနေတယ် ထင်နေရပါသေးတယ်။ ပြည်သူတွေရဲ့ လူနေမှုဘ၀ ပြည်စုံလုံခြုံစေရေးအတွက် တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုးတိုးတက်မှုများကို ကာကွယ်ထိန်းသိမ်းကာ ပိုမိုတိုးတက်အောင် တဆင့်ပြီးတစ်ဆင့် ၀ိုင်းဝန်းဆောင်ရွက် တဲ့။ ပြည်သူတွေရဲ့ လူနေမှုဘ၀တွေက ဘယ်လောက်များ ပြည့်စုံ လို့ ဘယ်လောက်များလုံလုံခြုံခြုံရှိနေကြပြီလဲ ၊ မပြောလဲသိပါတယ်နော်။ နေ့မြင် ညပျောက် ဆိုတဲ့စကားက တရားသဘောအရ သေခြင်းတရားကိုပြောတာလေ။ ဒါပေမယ့် နအဖ ခေတ်မှာတော့ အဲဒီစကားက သေခြင်းတရားအတွက်မဟုတ်တော့ပဲ နေ့မြင်ပြီး ညပိုင်းမှာလူပျောက်သွားရင် ထောင်ထဲတို့ စစ်သားစုဆောင်းရေးတို့ ဆိုတာတွေကိုသာ စုံစမ်း တွေ့နိုင်ပါတယ်။ နောက်တစ်ခုက ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်သူတွေရဲ့ ဆန္ဒကို ယူကာ အတည်ပြုခဲ့တာပါ တဲ့။ ပြည်သူတွေရဲ့ ဆန္ဒကို တော်တော်လေးစားတော်မူကြတာပါကလား။ ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို နာဂစ် မုန်တိုင်းနဲ့အတူ နအဖ စစ်မုန်းတိုင်းနဲ့ အေးဓားပြတိုက်သွားတာ လူတိုင်းသိပါတယ်။ သူက ဆက်ပြောလိုက်သေးတယ်၊ ၂၀၁၀ ခုနှစ်မှာ ဖွံစည်းပုံအခြေခံဥပဒေနဲ့အညီ တရားမျှတတဲ့ရွေးကောက်ပွဲကို ကျင်းပပေးသွားမယ်ဆိုပဲ၊ ဖွဲ့စည်းပုံဆိုတာကြီးကအစ တရားမှ မမျှတာတာ ရွေးကောက်ပွဲဆိုတာကြီးကကော ဘယ်လိုလုပ်ပြီး တရားမျှတမှာပါလဲနော်။ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးဟာ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးနဲ့ ဆက်စပ်ပြီးလုပ်ရမယ်တဲ့၊ ကောင်းလိုက်တဲ့စကား ၊ သူတို့ကိုယ် သူတို့ ၀ံပုလွေပါလို့ တဲ့တိုးဝန်မခံလိုက်တာ တော်သေးတာပေါ့။ ဒီစကားရပ်က သူတို့ ပေးမယ့် ဒီမိုကရေစီဆိုတာကို ပုံဖော်ပေးလိုက်တာပဲလေ။ စစ်အစိုးရက တရားဥပဒေဆိုတာကို သူတို့လက်ခုပ်ထဲက ရေလို သွန်ချင်သလို သွန်၊ မှောက်ချင်သလို မှောက် လုပ်ပြီး ပြည်သူလူထုကို အုပ်ချုပ်လာခဲ့သလို ယခုလည်း အုပ်ချုပ်နေဆဲ ဆိုတော့ သူတို့ ပေးမယ့် ဒီမိုကရေစီဆိုတဲ့ အနာဂတ် အကျိုးရလာဒ် ကြီးက အပြစ်မဲ့တဲ့ပြည်သူတွေကို လက်နက်အားကိုးနဲ့ သတ်ချင်သလို သတ်စေ ဆိုတဲ့ တရားဝင် လိုင်စင် အပ်နှင်းလိုက်တာထက် ပိုမယ်မထင်ပါဘူးနော်။ နောက်တစ်ခုက စစ်အုပ်စုကကျင်းပတဲ့ ပွဲတိုင်းလိုလိုမှာ ပြောလေ့ရှိတဲ့ အကယ်ဒမီနဲ့ ထိုက်တန်တဲ့ စကားလေးတစ်ခွန်းရှိပါသေးတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တဲ့၊ အသက်မဲ့တဲ့ စကားတစ်ခွန်းကြောင့်မို့သာ တော်သေးတာပေါ့။ သက်ရှိသတ္တများသာဆိုရင် စကားမဆုံးခင် ထများ ရိုက်လေမလားပဲ။ ယနေ့ စစ်အုပ်စုလုပ်နေတာက စည်းလုံးရေးမဟုတ်ဘူး၊ အလုံးစုံ ပြိုကွဲရေး။ ဟုတ်တယ်လေ မြန်မာစကားမှာ ငါးကြော်မကြိုက်တဲ့ ကြောင်မိုက် တဲ့။ ဆိုလိုတာက ကြောင် အားလုံးနီးပါး ငါးကြော် ကြိုက်ကြတယ်ဆိုတဲ့ သဘောပေါ့။ ဒါကြောင့် ကြောင်ကို ငါးကြော်နဲ့ မြူဆွယ်ရင် ရနိုင်တယ် ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်လေ။ အခုစစ်အုပ်စု ကပြောနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုပြီး ပြောနေရမယ့် သူတွေက လူတွေလေ။ ဒီတော့ လူတိုင်းကို လာဘ်လာဘနဲ့ချည်း ဖြားယောင်းလို့မရနိုင်ဘူးဆိုတာ သိထားသင့်တဲ့ကိစ္စလေးတစ်ခုပါ။ အမှန်တရားကို မြတ်နိုးကြသူတွေဆိုတာ ခေတ်တိုင်းမှာ ရှိကြစမြဲပါ။ ဒီတော့ ကြောင်တွေအပေါ်မှာ ကျင့်သုံးတဲ့နီတိ တစ်ခုကို လက်စွဲပြုပြီး တိုင်းရင်းသားပြည်သူတွေအပေါ်မှာ ကျင့်သုံးနေရင် စည်းလုံးညီညွတ်မှုဆိုတာကြီးက ဘယ်ရောက်လာနိုင်ပါတော့မလဲ။ ဒါကြောင့် သတင်းစာပေါ်က စာသားလေးတွေ အသက်ဝင်လှုပ်ရှားလာစေဖို့ဆိုရင်တော့ နအဖ စစ်အုပ်စုရဲ့ အသွင်ရုပ်အတုကို ပယ်ဖျောက်ပြီး ပကတိလူသားဆန်တဲ့ ပကတိရုပ်သွင်ကိုဆောင်ကာ လုပ်ဆောင်ကြမယ်ဆိုရင် နေ့ချင်းညချင်း ပြောတဲ့အတိုင်း ဖြစ်လာနိုင်မည်မှာ အမှန်မလွဲပါ။

သခင်နွယ်

ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...

ကြောင်ခံတွင်းပျက် နဲ့ ဆက်ရက်တောင်ပံကျိုး

29/11/2009

မောင်သာရ

လက်တွေ့ကတော့ brad ရဲ့ခေါင်းထဲမှာ မိန်းမယူချင်တဲ့ စိတ်ကူးစိတ်ရူးမျိုး အလည်ရောက်မလာတာတောင် အတော်ကြာပါပြီ။ အင်း…အရှက်မရှိ မကွယ်မဝှက်တမ်း ဖွင့် ဝန်ခံမယ်ဆိုရင်တော့၊ သည်၂၇နှစ်ဆိုတဲ့အရွယ် လူငယ်တယောက်အနေနဲ့ … အမြီးမပေါက် ဘာမျောက်လဲ မေးရမလို … .မယူချင်ပဲ ဘယ်နေပါ့မလဲနော်။ ရသာရမယ်ဆိုရင် က ယူချင်တာပေါ့။ အနည်းဆုံး အိမ်ထောင်ဘက်အဖြစ် မမျှော်မှန်းမရည်ရွယ်တဲ့တိုင်အောင် girlfriend လို့ခေါ်တဲ့ မိန်းမဖေါ်ကလေးတယောက်လောက်တော့ ဆန္ဒဖြေ ရှိထားနှင့်ချင်တာပေါ့ ။

ဒါပေမဲ့လို့လဲလေ…bradရဲ့လက်ငင်းဘဝအခြေအနေ ညံ့ဖျင်းနိမ့်ကျလိုက်ပုံက … မိန်းမတယောက်ကို သူလိုငါလို ဘုရားကျောင်းမှာလက်ထပ်ပြီး အိမ်ခန်းနဲ့လိပ်စာနဲ့ တရားဝင် အတူနေနိုင်ဖို့ မဆိုထားနဲ့ … မတော်တဆ ကောင်မချောချောကလေးတယောက် ထီပေါက်သလို…ကောက်ရလာခဲ့ရင်တောင်မှ ခေါ်စရာပျော်စရာ နေရာကလေး တနေရာ … ရှာမရနိုင်ဘူးရယ်။

အခု brad နေနေတယ်ဆိုတဲ့ ဆင်းရဲသားရပ်ကွက် မြို့ပျက်မြို့ဟောင်းဘက်က အိမ်ဆိုတာကလဲ brad လို လူပျိုလူလွတ် တစက်ရုံထဲက လုပ်ဖေါ်ကိုင်ဘက် အလုပ်သမားတွေချည့်လေးယောက် စု…ငှါးနေကြတဲ့အိမ်လေ။ ပြီးတော့လဲ သိတယ်နော်။ မိန်းမဖေါ် girl friendဆိုတာကလဲ နှလုံးသည်းခိုက် ချစ်ကြိုက်ရင်းစွဲ ရှိနေကြအုံးတော့၊ ဆိုင်သာဆိုင် မပိုင်သေးတဲ့ လမ်းခုလပ်ဘဝ မဟုတ်လား။ တခါတရံ အခန့်မသင့်ရင် ငွေရေးကြေးရေး အပေးအကမ်းကလေးက ပြာဿဒ်တက် မီးလောင်တတ်သေးတာကပဲ။

အဲ…နားလည်လိုက်လျောမှုနဲ့ မငြိုငြင်တမ်း သူ့ဘဏ်ကဒ်ကလေးတလှည့်၊ ကိုယ့်ဘဏ်ကဒ်ကလေး တလှည့်၊ မျှမျှတတ ထုတ် ဆွဲ သုံးရအောင်ကလဲ… bradရဲ့ ဘဏ်debitကဒ်က ပြဿနာ။ များသောအားဖြင့် အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး ဆိုရင် လူတောထဲ ထုတ် မသုံးရဲတော့တဲ့ အဖြစ်။ ဘဏ်မှာ ငွေလက်ကျန် လုံးဝမရှိတတ်တော့ဘူးလေ။ ထုံးစံအတိုင်း သောကြာနေ့မှာ ဝင်လာတဲ့ လုပ်ခကလေး မဖြစ်စလောက်ကလဲ နှစ်ရက်သုံးရက်ဆို ကုန်ပြီပေါ့။ စိတ်ကျရတယ်။

ပြဿနာအရင်းခံကတော့ အလုပ်ပါပဲ။ အလုပ်သာ ပုံမှန် တပတ်နာရီလေးဆယ်နှုန်းအပြည့် ရနေလို့ ကတော့ brad မကြောက်ပါဘူး။ … မိုး ဒူးနဲ့ တက်တိုက်ရဲပါတယ်။ ဒါပေမယ့် ခုဥစ္စာက ပြတ်တောင်းပြတ်တောင်း ဘာ သေချာတဲ့ အာမခံချက်မှ မရှိဘူး။ မနက်ဖန် အလုပ်ဆင်းရမယ် မဆင်းရဘူး ဆိုတာကိုက သည်ကနေ့ည၈နာရီ အထိ မသေချာဘူး။ ညဘက် ၉ နာရီလောက်မှာ တယ်လီဖုံးဆက် စုံစမ်းကြည့်ပါအုံး…တဲ့။ မှာထားတယ်။ အလုပ်ရှိမှ on call ခေါ်မယ်ဆိုတဲ့သဘော။ မောကြော…။ အလုပ်ရှင်ရဲ့ကိုယ်စားလှယ် work in charge ရဲ့ အပြောကတော့ အားရစရာ တကွက်မှ မရှိဘူး။ အလုပ်သမားလျှော့တဲ့ဦးရေစာရင်းထဲ မပါတာပဲ ဘုရားသခင် ကျေးဇူးတော်လို့ အောက်မေ့ရမယ်…တဲ့။

bradအမြင်ကတော့ အဲ့သည်လို ပြတ်ပြတ်သားသား အလုပ်သမားဦးရေလျှော့တဲ့စာရင်းထဲပါ ယာယီအလုပ်ရပ်ဆိုင်း laid off အဖြုတ်ခံရတာကမှ တမျိုးကောင်းအုံးမယ်ထင်တယ်။ social ရုံးမှာ အလုပ်လက်မဲ့ ထောက်ပံ့ကြေး လျှောက်စားမယ်လေ…။ welfareထောက်ပံ့ကြေးကမှ အခုရနေတဲ့ မစို့မပို့ထက်တော့ ပိုရနိုင်လိမ့်အုံးမယ် ထင်တယ်။ ဒါပေမဲ့ brad မစွန့်စားရဲပါဘူး။ ရမှာကနောက် ငတ်မှာနဲ့ နှင်ချခံရမှာက အရင်၊ သည်တော့ သေချာတဲ့ နို့ပိန်ကလေးပဲ ကပ်တွယ်နေရအုံးမှာပါပဲ။

ကြည့်လေ…။ ပြီးခဲ့တဲ့အပတ်ကများဆိုရင် နှစ်ရက်နဲ့ နေ့တဝက်လား အလုပ်ဆင်းလိုက်ရတယ်။ နာရီ ၂ဝ တည်း။ ကဲ…သည်ပုံသာဆိုရင် ခုသောကြာမှာ ဝင်လာမယ့် လုပ်ခ pay checkထဲက ကိုယ့်အတွက် အချိုးကျပေးရမယ့် အိမ်လခရဲ့ ၄ပုံ၁ပုံကို နုတ်လိုက်ရရင် လက်ထဲ ဘာကျန်တော့မှာလဲ။ ထုံးစံအတိုင်း မပေးမနေရတဲ့ ဆိုင်ပိုင်ရာက အခွန်အကောက်တွေ၊ ကျန်းမာရေး အာမခံကြေးတွေနဲ့ ဘာကြေးညာကြေးတွေ အမြီးကနုတ် ခေါင်းကနုတ် လျှောက်သာနုတ်လိုက်ရလို့ကတော့…အလွန်ဆုံးကျန်လှ သုံးလေးဆယ်ပေါ့။ သည်ငွေကလေးနဲ့ သည်တပတ်လုံးလုံး ဘယ်မှာ ဘာသွားစားမလဲ။ ဘာသွားသုံးမလဲ။

ဒါတောင်နော်…လျှပ်စစ်မီတာခတို့ ဂက်စ်မီတာခတို့ဆိုတဲ့ billကြွေးတွေက ခဏတဖြုတ် ဆိုင်းထားလို့ ရပေသေးလို့။ ပြီး တော်ပါသေးရဲ့…အစောကြီးကတည်းက တန်ရာတန်ရာပဲ ကောင်းတယ် ဆုံးဖြတ်ကြပြီး အိမ်သုံးတယ်လီဖုန်းတို့ tv cableတို့ မသွယ်ခဲ့ကြပေလို့။ ဒါပေမယ့် ကိုယ့်ဘာသာကို တလက်ကိုင် မရှိမဖြစ် သုံးနေရတဲ့ cell phone billကတော့ ပေးရလိမ့်မယ်။ သည်လလာရင် နှစ်လပေါင်းအတွက် ၁၅ဝလောက်များ ကျမလား မပြောတတ်ဘူး။ သည်လမှ မပေးရင် ဖြတ်ခံရတော့မယ်။ စိတ် ဆင်းရဲရပါတယ်။ သည်အပတ်ထဲ အလုပ်မှ လုပ်ရပါ့မလား။ အလုပ် လုပ်ရချိန် နည်းလို့ billကြွေးတွေ အပြည့်မဆောင်နိုင်ရင် ဘယ့်နှယ်လုပ်မလဲ။ bradလဲ စိတ်ပျက်လက်ပျက်နဲ့ ပင့်သက်ပြင်းကြီး ချပြီး၊ ဘတ်စ်ကားပေါ်က စိတ်မပါ့တပါ ဆင်းလိုက်တယ်။

ခြေထောက်တွေက သိနေပြီလေ…။ ခါတိုင်း ဆင်းနေကျမှတ်တိုင်မှာ… ဆင်းလိုက်တယ်။
လျှောက်နေကျ ဆိုင်တန်းplazaဘက်ကို လမ်းဖြတ်ကူးပြီး ဦးတည်လျှောက်လိုက်တယ်။ မရှိတာ ရှိတာ ဘေးချိတ်။ ရှိသမျှကလေးနဲ့တော့ ပိုက်ဆံနည်းနည်းနဲ့ ဗိုက်ပြည့်အောင် စားထားရလို့မယ်။ ထုံးစံအတိုင်း မနက်စောစာ breakfastနဲ့ နေ့လယ်စာ lunchကို တခါတည်း ပေါင်းစားဖို့ ဈေးသက်သာတဲ့ burgerဆိုင်ကို ရွေးလိုက်တယ်။ သည်ဆိုင်မှာက အမဲသားတုံးနဲ့ burger နှစ်လုံးတွဲကို bye 1 get 1 free ဈေးနဲ့ ရောင်းတယ်လေ…။ ပြီး အာလူးကြော်တကော် ပွဲကြီးဆိုရင် တပွဲတည်းနဲ့ကို စူဇကာ ဗိုက်ပြည့်ရော။ နောက် sodaအချိုရည်ကလေးကလဲ သည်ဆိုင်က အကြိမ်ကြိမ် ထပ်ဖြည့်သောက်ခွင့် ပြုတယ်။ ဆိုင် လှမ်းမြင်နေရခါမှ ဗိုက်တောင် ပိုဆာလာသလိုပဲ။ ဟုတ်ပြီ…ချီတက်။

သည်မှာ မkayနဲ့ တွေ့ရတော့တာပါပဲ။ မkay က သူဝင်မယ်လို့ ပိုင်းဖြတ်ထားတဲ့ဆိုင်ထဲက ထွက်လာပြီး ဆိုင်ရှေ့ရပ်ထားတဲ့ ကိုယ်ပိုင်ကားတွေရှိရာကို လျှောက်လာနေတယ်။ နွမ်းနွမ်းလျလျ ကပိုကရိုရယ် တခြား တွေ့ဖူးနေကျ မိန်းမတွေလို အစာပိတ် သောက်လက်စ အအေးခွက်ကလေး ကိုင်ပြီး၊ ရွှင်ရွှင်လန်းလန်း ပြန်ထွက်လာတဲ့ ပုံစံမျိုး မဟုတ်ဘူး။ ဘယ့်နှယ့်…သည်လိုမနက်ပိုင်းမှာ ဈေးဝယ်ထွက် ရုံးတက်အလုပ်သွားကြရင်း လမ်းကြုံဝင်ဗိုက်ဖြည့်လေ့ရှိတဲ့ မိန်းမပေါင်း မြောက်မြားစွာ brad ကြုံဆုံဖူးပါတယ်။ သူ့လို အိပ်ရာထ မျက်နှာသစ်ထားပြီးခါစ မပြင်မဆင် မချယ်မသ မျက်နှာပြောင်ကြီးနဲ့ မဟုတ်ပေါင်။

အော်…အတော်ဘရုတ်ကျချင်တဲ့ ခြေထောက်။ ဘယ် လျှောက်နေပြန်တာတုန်း။ brad
လျှောက်ရင်း လျှောက်ရင်းနဲ့ မkay ဦးတည်ရာ မkayရဲ့ကားနားကို ရောက်လာတယ်။ မkayရဲ့ကားမှန်းလည်း အစက မသိပါဘူး။ မkayက ရပ်ထားတဲ့ကားတံခါးလက်ကိုင်မှာ သော့ထိုးဖွင့်နေတော့မှ…bradကလဲ မမျှော်လင့်ပဲနဲ့ မkayရဲ့ကား ညာဘက်ဘေးမှာ မkay နဲ့ မျက်နှာချင်းဆိုင် ရောက်ရက်သား ဖြစ်နေတယ်။ အမှန်ပြောရရင် တမင်္ဂလာကြည့်ဖို့စိတ်ကူး မရှိပေမယ့်လဲ…သည်တခါတော့ သူစိမ်းမိန်းမတယောက်ကို (သို့မဟုတ်) မkayရဲ့မျက်နှာကလေးကို bradမျက်တောင်မခတ် စိုက်ကြည့်လိုက်မိတယ်။ မkayကလဲ ကားတံခါးဖွင့် ငုံ့ဝင်မယ်လုပ်ရင်း bradကို မျက်ခုံးကလေးတဝက်ပင့် ပြန်ဝင့်ကြည့်လိုက်လေရဲ့။

ဟ! ဘယ်လိုအကြည့်လဲဟ…။ ပြုံးသယောင်ယောင် ညို့သလိုလိုနဲ့။ brad ကျောက်ခဲအသည်းနဲ့ အိပ်ပျော်နေတဲ့ ကျားတောင် ရင်ထဲ တလှပ်လှပ် ခုန်သွားသလိုပဲ။

ရုပ်ကလဲ ဘယ်လို သတ်မှတ်ရမလဲ…။ လှတပတ်နွမ်း ဆိုရမလား။ မျက်လုံးတွေက ငွေမိုးညိုညို…ငိုထားခါစလို…။ မျက်တောင်ရှည်ကလေးတွေကလဲ မကော့ပြန်ပဲ ငိုက်တွဲလို့…။ တပတ်လျှိုလိုလို ကပိုကရို ဗွေထိပ်တက် ထုံးဖွဲ့ရစ်တင်ထားတဲ့ဆံပင်တွေကလဲ နက်မှောင်မှောင်…။ ပြီး အသားရောင်ကလဲ အထက်မြောက်ပိုင်းသူတွေလို အဖြူဖွေးဖွေးမှာ ပန်းသွေး ပြေးနေတာမျိုး မဟုတ်ချည်ဘူး။ ပျားရည်နဲ့ နွားနို့ ဆတူရောမွှေထားတဲ့ အရောင်မျိုး။ brad တွေ့ဖူးပါတယ်။ အသားအရည် ကြည့်ရတာကလဲ ညက်ညောချောမွေ့နေသလိုမျိုးဆိုတော့ bradတွက်လိုက်ပါတယ်။ ဧကန္တ…တောင်ပိုင်းပင်လယ်ထဲက ကျွန်းတကျွန်းသူပဲ ဖြစ်ရမယ်ပေါ့။

brad လည်း သမ္ဘာနုတဲ့သူမှ မဟုတ်ပဲ။ စကားပြောခွင့် မကြုံကြိုက်လိုက်ရလို့သာ လက်တင်သံ စပိန်သံ ဝဲမဝဲ မသိလိုက်ရတာလေ။ ဒါပေမယ့် ရုပ်အရကတော့ သေချာပါတယ်။ hispanicy hispanic ပါပဲ။ pueto ricoသူ Venezuelaသူ ဖြစ်ကောင်းဖြစ်နိုင်တယ်။ သိတယ်နော်…။ အမေရိကန်သူ အဖြူအမဲမကလေးတွေ ငေးကြည့်ရလောက်အောင် လှကြပါပေ့…ဆိုတာ ပူတိုရီကိုသူ ဗယ်နဇွဲလားသူကလေးတွေ အိပ်ရာထ ရေမချိုးရသေးသလောက်ပဲ ရှိတယ်လို့ ကာလသားတွေ ပြောစမှတ် ပြုကြတယ်တယ်မဟုတ်လား။ ခုလဲ ဘာထူးသေးလဲ။ မkayရဲ့ မခြယ်မသ အိပ်ရာထစ မျက်နှာက bradကို ညို့ငင်ဆွဲဆောင် ဖမ်းစားလိုက်ပြီလေ…။

ပင့်ကူအိမ်မှာ ငြိနေတဲ့ယင်လို bradလဲ ရုန်းတော့ရုန်းထွက်ချင်တာပါပဲ။ ဒါပေမယ့် ငြိနေတယ် အနားက တဖဝါးမှ မခွဲနိုင်မခွါရက် ဖြစ်နေတယ်။ အများရဲ့အမြင်မှာကတော့…မkayက သူ့ကားထဲ ရောက်နေပြီး ဖြစ်တဲ့အတွက်… ကားစက်နိုးပြီး မောင်းထွက်သွားနှင့်လို့ရအောင် ရပ်ရှောင်လမ်းပေးထားတဲ့အနေနဲ့ မkayရဲ့ကားနံဘေးမှာပဲ ဟန်ဆောင်ပန်ဆောင် သူ ရပ်နေလိုက်တယ်။ မkayကားခေါင်းရှေ့က ကန့်လန့်ဖြတ်ပြီး စားသောက်ဆိုင်ထဲ မဝင်နှင့်သေးဘူးလေ…။ အမှန်ကတော့ ငြိနေတာပါပဲ။ ကားအထွက်မှာ ကားထဲကမkayကို ဘေးကြည့် နောက်ကြည့် တကြော့ပြန် ထပ်ကြည့်လိုက်ချင်သေးတာလဲ ပါတာပေါ့။ ချစ်ရမယ့်သူကို ဘက်ပေါင်းစုံရှုထောင့်မျိုးစုံက ဓာတ်ပုံရိုက် ငေးစိုက်ကြည့်နေချင်သလိုပေါ့နော်…။ အတော်ပါပဲ။ ယဉ်ကျေးမှု အရကလဲ အမျိုးသမီးကို ပထမဦးစားပေး လမ်းဖွင့်ပေးရမယ် မဟုတ်လား။

ဒါပေမယ့် သည်မိန်းမ ဘာဖြစ်လို့ ကြာနေတာပါလိမ့်။ ကားထဲမှာ ဘာလုပ်နေလို့ပါလိမ့်။ မနက်စောစော နေလဲ မရှိန်သေးတဲ့ခုလိုအချိန်မှာ…မလိုအပ်ပဲ ဖြန့်ပြီးကာထားတဲ့ ကားရှေ့မှန်ရဲ့အတွင်းဘက်က နေကာမြက်ဖျာယင်းလိပ်ကိုလဲ အခုထက်ထိ ဖယ်မပစ်သေးပါလား။ ပြီး ကားကိုလည်း စက်မနိုးသေးဘူး။ ကားထဲမှာ ဘာတွေများ သည်လောက်တောင် ရှုပ်နေလို့ ခါခက်ရှင်းလင်းနေရတယ် မသိပါဘူး။ ကားကလေးကတော့ ချမ်းခိုက်ခိုက်တုန်သလို မေးရိုက်လှုပ်ခါနေတာပါပဲ။

ခက်တာက အထဲမှာ ဘာတွေဖြစ်နေတယ် မသိရဘူး။ အစေ့ပိတ်တင်ထားတဲ့ ကားပြတင်းမှန်တွေ အားလုံးက လုံခြုံရေးရောင်ပြန်ဖလင်တွေ အပြည့်ကပ်ထားတာရယ်။ ပြီးတော့လဲ ရောင်ပြန်က အဆင့်၃ အမှောင်ဆုံး အမျိုးအစား။ အပြင်ကနေ အထဲကို ကြည့်ချင်လို့ကတော့၊ ကိုယ့်ပုံရိပ်ကလွဲပြီး ဘာကိုမှ မမြင်ရနိုင်ဘူး။ ပြီး ရှေ့မှန်ရဲ့အတွင်းဘက်က မြက်ဖျာယင်းလိပ်ကလဲ ငွေသားရောင် ရောင်ပြန်ပဲ။ ရှေ့မှန်တဖက်စွန်းမှာ မီးခြစ်ဆံ တချောင်းစာလောက် ဟနေတဲ့ နေရာလွတ်ကလေးတနေရာတော့ တွေ့ရပါရဲ့။ ဒါပေမယ့် မှန်နား ကုန်း မျက်နှာအပ်ပြီး ချောင်းကြည့်နိုင်ပါမှ မြင်ကောင်း မြင်ရမှာလေ…။ ဘယ်သူက အမိုက်ခံ အထင်မှားခံပြီး ချောင်းကြည့်ရဲမှာလဲ။ မတော် ကားထဲကမိန်းမက မြင်သွားပြီး၊ ဟွန်း နှိပ်ထည့်လိုက်ရင် အရှက်တကွဲ အကျိုးနည်းရမယ့်အဖြစ်။ ပြီး ကားထဲမှာ သည်လောက်ကြာနေပုံ ထောက်တော့ အဝတ်လဲ အလှပြင်နေတာလားမှ မသိ။ မတော်တရော် မူးယစ်ဆေးဝါး သုံးစားနေတာမျိုးဆိုရင်လဲ ဘယ့်နှယ့်လုပ်မလဲ။ အဲဒါက သူ့ကိစ္စ သူ့လွတ်လပ်ခွင့်လေ…။ ကြည့်မိတဲ့ကိုယ့်မှာသာ တရားခံဖြစ်မှန်းမသိ ဖြစ်ရမှာ…။ မကြည့်ရဲပါဘူး။ ခိုးကြောင်ခိုးဝှက် ချောင်းကြည့်တာမျိုးလဲ brad ဝါသနာ မပါလှပါဘူး။

ဒါပေမယ့် ဘယ်လိုပြောရမလဲတော့ မသိဘူး။ သည်မိန်းမကို အနည်းဆုံး တကြော့လောက်တော့ brad ထပ်ကြည့်လိုက်မြင်လိုက်ချင်သေးတယ်။ နောက်ဆုံးအခွင့်အရေးတရပ် အနေနဲ့ ဦးဏှောက်ဖန်ပြင်မှာ ပုံရိပ်ရိုက်ယူထားလိုက်ချင်သေးတယ် ဆိုပါတော့။ ဘာ့အတွက်ရယ်လို့တော့ ရည်ရွယ်ချက် ကြီးကြီးမားမား မရှိတန်ရာပါဘူး…အောက်မေ့တာပဲ။ ခက်တာက လျှပ်တပြက်ကလေး ဆုံလိုက်ရတာလေ…။ သည် တဒင်္ဂ အခိုက်အတန့်မျှနဲ့တော့ စွဲလန်းတယ် မသမုတ်နိုင်ပါဘူးနော်။ ဒါပေမယ့် ထူးခြားချက်တရပ်တော့ ရှိလေရဲ့။ bradရဲ့ဘဝမှာ အရင်က မြင်နေကျ တွေ့နေကျ မိန်းမတွေနဲ့ မတူတာကတော့ အမှန်ပဲ။ ဘာခြားနားနေတယ်တော့ ရိုက်စစ်လဲ brad မပြောတတ်ဘူး။

ကြည့်လေ…၊ သူ့ကို အရင်မောင်းထွက်ခွင့် ပေးတဲ့အနေနဲ့ ခဏရပ်စောင့်ပေးနေတာတောင် ခုထက်ထိ ကားစက်ကို မနှိုးသေးဘူး။ မျက်နှာရှေ့တည့်တည့်က မြက်ဖျာယင်းကိုလဲ မြင်ကွင်းရှင်းသွားအောင် ဖယ်ရမယ့်ကိစ္စ ဖယ်မပစ်သေးဘူး။ သည်လောက်ကြာနေရအောင် ကားထဲမှာ သူဘာလုပ်နေတာလဲ။ ကားထဲကနေပြီးတော့များ သူ့ကို အကဲခတ်ကြည့်နေလေရော့သလား မသိ။ bradရဲ့စိတ်က မရိုးသားတော့ ကိုယ့်စိတ်နဲ့နှိုင်းပြီး ကိုယ့်ကိုယ်ကို ကြံဖန် အထင်ကြီးပစ်လိုက်မိပြန်တယ်။

ဟမ်း…သည်အပေါက်မျိုးတော့ ဘယ်ချိုးလို့ ရလိမ့်မလဲ။ ကိုယ့်သိက္ခာ အကျခံလို့…။ brad သူ့ကားခေါင်းရှေ့ကပဲ မမှုလေဟန်နဲ့ ခပ်အိနြေ္ဒရရ ဖြတ်လျှောက်ပြီး၊ စားသောက်ဆိုင်ထဲ ဝင်ပစ်လိုက်တယ်။ နောက် မkayရှိရာကို လုံးဝပြန်လှည့်မကြည့်ဖြစ်အောင်လဲ စိတ်ကို အမိန့်ထုတ် ချုပ်ချယ်ထားလိုက်တယ်။ သိတယ်နော်…။ ဆိုင်ထဲရောက်တော့ ဟန်ဆောင်လုပ်ထားတဲ့ မာန်ရုပ် အရေခွံ ကျွတ်သွားပြီ။ ဘဝမှန် ပြန်ရောက်သွားပြီ ပြောပါတော့။ သည်တော့ ထုံးစံအတိုင်း ဈေးအသက်သာဆုံးနဲ့ ဆင်းရဲသား အလုပ်ကြမ်းသမားစာအဖြစ် သီးသန့်စီမံထားတဲ့ အမဲသားတုံး angus ဘန်းမုန့်ညှပ် burger အမွှာတပွဲနဲ့ အားလူးကြော်အလိမ် ပွဲကြီးတပွဲကို မှာလိုက် ငွေရှင်းလိုက်တယ်။ ဆိုဒါအချိုရည်ကတော့ သည်ဆိုင်မှာက ကြိုက်သလောက် ပြန်ဖြည့်သောက်နိုင်တယ်။ ပိုက်ဆံထပ်ပေးစရာ မလိုဘူး။ ကိုယ့်အလှည့်ရောက်လို့ ကိုယ်မှာတဲ့မုန့်တွေရောက်လာတော့ လင်ပန်းထဲ ကောက်ထည့်ယူလာပြီး၊ မkayရဲ့ကားက ဝမ်းသာစရာ ထွက်မသွားသေးပါလား။ ဘာရမလဲ…လူကို မမြင်ရဘူးနော်။ ကားကိုပဲ မဲကြည့်နေမှာပေါ့။ ကားကတော့ တလက်နှစ်လက်ပြောင်း ကားအဟောင်းဝယ်ထားပုံ ရတာပဲ။ အရောင်အဆင်းက အစ ရုပ်က အတော်ကျနေပါပြီ။ bradရဲ့ အယူအဆကတော့ ကားဝယ်မစီးနိုင်သေးလဲ နေလေရော့။ သည်လိုကားဟောင်း သည်လောက်မသန့်တဲ့ကားမျိုးတော့ ဘယ်တော့မှ ဝယ်မစီးဘူးလို့ ဆုံးဖြတ်ထားတတ်တယ်။ အမျိုးအစားကတော့ အမေရိကန်ကား chevy caralierပါပဲ။ modelကတော့ ၉၅-၉၆လောက် ဖြစ်မှာပေါ့။ တံခါးနှစ်ပေါက်။ saloon အနီရောင်။ ညာဘက်နောက်ပိုင်း ဘီးဖုံးရွှံ့ကာမှာလဲ တိုက်ထားတာထင်ရဲ့။ နည်းနည်းချိုင့်ဝင်နေပြီး ပွန်းရာခြစ်ရာ ဒဏ်ရာတွေနဲ့။ ပြီး ရှေ့မှန်ပေါ်မှာ ရေသုတ်တံတွေလဲ မပါဘူး။ ဒါကတော့ သည်မှာက သဲကန္တာရ မိုးနည်းတဲ့ဒေသမို့…ဒါမှမဟုတ်…ဖြုတ်အခိုးခံရမှာ စိုးလို့…ထင်ပါရဲ့။ မတပ်ပဲ ဖြုတ်သိမ်းထားသလားမှ မသိ။ brad သိပ်နားလည်လှလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အတူနေ ကားရူးတွေ ပြောနေလေ့ရှိတဲ့ ကားအကြောင်း သောင်းပြောင်းထွေလာ ဗဟုသုတတွေအရတော့…သည်ကားရဲ့အခြေအနေမျိုးက ဘာတန်မှာလဲ။ အလွန်ရော အကျွံရော တန်လှ တထောင်လောက်ပေါ့။ ရပ်ကွက်တွေထဲမှာ ပိုင်ရှင်ကလဲ သုံးနေဆဲ…ရောင်ရန် 4sale လို့လဲ နောက်မှန်မှာ ဆိုင်းဘုတ်ရေးထားတတ်တဲ့ ကားမျိုးတွေနဲ့သာတွေ့ရင် သည်မkayရဲ့ကားအခြေအနေက ရာဂဏန်းနဲ့တောင် ရနိုင်မယ်ထင်တယ်။ မkayကို အထင်သေးလို့တော့ မဟုတ်ပါဘူး။ သည်ကားကလဲ မkayရဲ့လက်ထဲမှာကို ဘယ်လောက်ထိ ကြာနေမှန်းမ မသိပဲ။

ဒါပေမယ့် ကားထဲကမိန်းမက ကားပိုင်ရှင် ဆိုတာကတော့ သေချာပါတယ်။ ဘာပြုလို့လဲဆိုတော့ ကားထဲမှာလဲ သူချည့်ပဲလေ။ ပြီးတော့ ကားသော့ကလဲ သူ့လက်ထဲမှာ…။ ပြီး စောစောက သူဝင်ထိုင်လိုက်တဲ့ဘက်ကလဲ ယာဉ်မောင်းထိုင်ခုံ။ နောက် သည်မိန်းမ ဟန်ပန်ပုံစံကြည့်ရတာကလဲ ကိုယ်တိုင်မောင်းမယ့်ပုံပါပဲ။ အဲ…တကွက်တော့ စဉ်းစားစရာ ကျန်သေးရဲ့။ သည်နေရာမှာ အချိန်းအချက်နဲ့ ရပ်ထားပြီး၊ သူ့ယောက်ျားဖေါ်…သို့မဟုတ်…တစုံတယောက်ကို လာစောင့်နေတာများလားမှ မသိ။

ဒါပေမယ့် ဒါလဲ မဖြစ်နိုင်ပါဘူး။ သည်မိန်းမပုံပန်း ကြည့်ရတာ အဲလိုမျိုး ယောက်ျားေါ်တယောက်ယောက်ကို ချိန်းစောင့်နေတဲ့ပုံ မပေါက်ပါဘူး။ ကြည့်ပါလား…ရုပ်က။ မဖီးမလိမ်း မခြယ်မသ။ လန်းလန်းဆတ်ဆတ် တက်တက်ကြွကြွလဲ မရှိ။ အပြင်ကလာမယ့်လူကို လှမ်းမြင်နေရအောင် မျက်နှာရှေ့က နေကာယင်းရွက်ကိုလဲ မရုတ်သိမ်း။ တခါတရံဖြစ်ဖြစ် ကားအပြင်ပြန်ထွက်ပြီး ရှေ့နောက်ဝဲယာလဲ မျှော်မကြည့်။ ပြီး ဝတ်ထားတဲ့ အင်းကျီကလဲ မဟောင်းနွမ်း မတွန့်ကေဘူး ဆိုအုံးတော့။ သစ်သစ်လွင်လွင် ကောင်းကောင်းမွန်မွန် မဟုတ်။

မတတ်နိုင်ပါဘူး။ သည်ခေတ်ကြီးမှာ တစုံတယောက်ကို စောင့်နေရတာမျိုး ဆိုရင်လဲ ဘာခဲယဉ်းတာမှတ်လို့။ လက်ပတ်နာရီကို ကြည့်ပြီး၊ ခါးကြားက cell phoneနဲ့ text message နှိပ်လိုက်ရုံပေါ့။ သည်အရွယ် လူတိုင်းလိုလိုမှာ cell phone ရှိတတ်ကြတာပဲ။ သူ့ဘောင်းဘီခါးပတ်မှာ ညှပ်ထားတာ တွေ့လိုက်ပါတယ်။ သည်လောက်ထိ အကြာကြီး စောင့်မနေရပါဘူး။ ပြီး စောင့်နေတယ်ဆိုလဲ မျက်နှာရှေ့က နေကာယင်းလိပ်ကို ဘာလို့မဖယ်ပစ်ရသေးတာလဲ။ ဘာကြောင့် ဘာရည်ရွယ်ချက်နဲ့ ဆက်ကာမြဲ ကာထားရတာတုန်း။ နေရောင်ထိုးလို့ ကာထားရတယ် ဆိုရအောင်ကလဲ…နေကဖြင့် ခုမှ သူ့ကားရဲ့နောက်ဖက်က တိုက်ကြိုတိုက်ကြားမှာ မေးတင်စ ရှိသေးတယ်။ အဓိပ္ပါယ် မရှိဘူး။

ဒါဖြင့် ဘာလဲ။ ခုထက်ထိ ဘာဖြစ်လို့ ရပ်နေရတာလဲ။ ခုထက်ထိ ဘာပြုလို့ မောင်းထွက်မသွားရသေးတာလဲ။

ကြာလှပြီနော်။ ဆိုင်ထဲမှာ brad တနာရီကျော်ကြာ အချိန်ဆွဲပြီး ထိုင်စားနေတာတောင် စပွဲပေါ်မှာ ပြောင်တလင်းခါနေပြီ။ ခွက်ခွံတွေ စက္ကူအိတ်တွေလဲ အမိုက်ပုံးထဲ သွားထည့်ပစ်လိုက်ပြီးပြီ။ bradနောက် အတော်ကြီးကြာမှ ဝင်လာစားကြတဲ့လူတွေတောင် တချို့စားပြီးကြလို့ ပြန်ထွက်သွားကုန်ကြပြီ။

ဆိုင်ကတော့ အားနာစရာ မျက်နှာပူစရာ မလိုပါဘူး။ ကိုယ်လဲ ပိုက်ဆံပေးပြီး လာဝယ်စားတဲ့လူပဲ။ ကိုယ့်နေပိုင်ခွင့်လဲ ရှိတယ်။ ဆိုင်ကကျယ်တော့ နေရာလွတ်တွေလဲ ရှိသေးတယ်။ ကိုယ်လို အလုပ်ရှိပုံမရ၊ အားနေတဲ့လူတွေ…တချို့ဆိုရင် သူများဖတ်ပြီးလို့ ချန်ထားပစ်ခဲ့တဲ့ သတင်းစာတွေ ကောက်ဖတ်၊ တချို့ဆိုရင် ဝေါဟာရ ပဟေဠိcrossword စာအုပ်လိုက် ရှေ့ချပြီး တရွက်ပြီးတရွက် တကွက်ပြီးတကွက် ထိုင်ဖြည့်နေကြတာပဲ။ ဆိုင်ကလဲ သူ့ဆိုင် အမြဲလူစည်နေတယ် ဆိုပြီး သဘောတောင် ကျနေလိမ့်အုံးမယ်။

သိတယ်နော်…။ တော်နေကြာ နေကလေးမြင့်လာရင် အပြင်ဘက်မှာက ပူတော့မယ်လေ…။ သစ်ပင်ရိပ်ကလဲ ရှားမှရှား။ ဆိုင်ထဲမှာကတော့ လေအေးစက်ဖွင့်ရက် မဟုတ်လား။ ပြီး အချိုရည်ဆိုင်တွေကလဲ ရေအသေသောက် အပေါ့အပါးသွားဖို့ restroomတွေကလဲ သန့်သန့်ရှင်းရှင်း ကျယ်ကျယ်ဝန်းဝန်း။ သည်တော့ ဘာပူစရာ လိုသလဲ။ မkayရဲ့ကားနဲ့ပြိုင်ပြီး နေရာကမရွှေ့တမ်း brad ကျောကလေးဆန့် ထိုင်ကြည့်နေလိုက်တယ်။

ဒါပေမယ့် bradရဲ့ခေါင်းထဲမှာကတော့ မေးခွန်းတွေ မေးခွန်းတွေ တခုပြီးတခု ဆင့် ဆင့်ပေါ်လာတယ်။ သူ ဘယ်သူလဲ။ သူ ဘာလုပ်နေတာလဲ။ သူ ဘာဖြစ်လို့ သည်နေရာမှာ အကြာကြီး ရပ်နေရတာလဲ။ သူ ဘာပြုလို့ အိမ်မပြန်တာလဲ။ သူ့အသက်အရွယ်က သုံးဆယ်ဝန်းကျင်လောက်တော့ ရှိပြီဆိုတော့…သူ့မှာ လင်ယောက်ျား (သို့မဟုတ်) ယောက်ျားဖေါ်ကော မရှိဘူးလား။ မိဘ သားသမီး စသည်…မိသားစုကော…မရှိဘူးလား။ အတူမနေကြဘူးလား။ သူ ဘာအလုပ် လုပ်သလဲ။ ဘယ်မှာ ဘယ်အချိန် လုပ်သလဲ။ သည်နေ့ကော သူ အလုပ်မသွားဘူးလား။ သူလဲ ကိုယ့်လိုပဲ အလုပ်မရှိဘူးလား။ သူ ဘာလုပ်ကိုင်စားသောက်ပြီး၊ သူ့ဘဝကို သူ ဘယ်လိုရပ်တည်နေသလဲ။ ခုလို အလဟသ အချိန်ကုန်ခံ နေနိုင်ရအောင် သူ ဘယ်က ဘာဝင်ငွေတွေများ ရနေလို့ ရထားလို့လဲ။ သူ ဘယ်တော့မှ အိမ်ပြန်မှာလဲ။ သူ့အိမ်ကကော ဘယ်မှာလဲ။ သူ သည်လိုပဲ နေကုန်အောင် နေနေတော့မှာလား။ သူ မစားမသောက်တော့ဘူးလား။ သူ မအိပ်တော့ဘူးလား။ သူ ရေချိုးသန့်စင် အလှပြင် အဝတ်လဲ စသည်ကော မလုပ်တော့ဘူးလား။ ယုတ်စွအဆုံး ခန္ဓာကိုယ်ရဲ့ဓမ္မတာ ဆီးဝမ်းစသည်ကော မစွန့်တော့ဘူးလား။ …လား…လား…လား…။

ကင်းခြေများလောက် မေးခွန်းတွေသာ မရေမတွက်နိုင် ဖြစ်လာပြီး၊ အဖြေကတော့ တခုမှ ထွက်မလာပါဘူး။ bradလဲ ဗိုက်ပြည့်လာလို့ အိပ်ငိုက်ချင်လာတာနဲ့ လက်လျှော့လိုက်ချင်စိတ် ပေါက်လာပါတယ်။ သည်လောက် ရုပ်ရည်ကလေး သနားကမား လှကြွင်းလှကျန်ကလေးတွေ ရှိနေပါသေးရက်ကယ်နဲ့…သည်လောက် အတွေးရခက် ပဟေဠိဆန်လှတဲ့ မိန်းမ…မပတ်သက် စိတ်ဝင်စားတာပဲ ကောင်းပါတယ်လေ…လို့ လက်လျှော့ လက်နက်ချပြီး အိမ်မှာပဲ ပြန်နားဖို့ brad ထိုင်နေရာက ထလိုက်တယ်။ ပြီး restroom ခဏဝင်မယ်။ ကိုယ်အလေးချိန် လျှော့မယ်။ ပြီးရင် နောက်ဆုံး နှုတ်ဆက်တဲ့အနေနဲ့ ဝင်လာခဲ့တဲ့လမ်းအတိုင်း မkayရဲ့ကားဘေးကပဲဖြတ်ပြီး ဘတ်စ်ကားမှတ်တိုင်ရှိရာ ပြန်မယ်ပေါ့။

သိတယ်နော်…။ မိန်းမများ တရားဝင်မယူရ မချစ်ရမပေါင်းရသေးဘူး။ မျက်စိကျတယ်၊ စိတ်ဝင်စားတယ်ဆိုတဲ့ ပထမဆုံးအဆင့်လောက် ရောက်ရုံရှိသေးတယ်။ ဦးဏှောက်တွေ ခြောက်ခမ်းပြီး ခေါင်းပါ အဆံချောင်ကုန်အောင် လုပ်ပစ်လိုက်တတ်တာလေ…။ အို!ဘုရားသခင်…ကြောက်လှပါပြီ…ကယ်တော်မူပါ။

တော်ပြီ။ ရပ်တန်းက ရပ်။ brad ထိုင်ရာက ထလိုက်တယ်။

ရော်…သူနဲ့ မkayနဲ့က ဓာတ်ချင်း စိတ်ချင်းများ ဆက်နေလေရော့သလား မသိ။ လောကကြီးမှာ တယောက်နဲပတယောက် မမြင်ရ အသံမကြားရပဲနဲ့ စိတ်စိတ်ချင်း ဆက်သွယ်နားလည်နိုင်တယ် သိနိုင်တယ်ဆိုတဲ့ telepathy ရှိတယ်ဆိုတာကို brad လက်ခံယုံကြည်ရတော့မယ် ထင်ရဲ့။ ကြည့်နော်…၊ တိုက်ဆိုင်လိုက်ပုံက အံ့သြစရာကောင်းပါဘိ။ ဆိုင်ထဲမှာ bradလဲ လက်လျှော့ပြီး ပြန်မယ်လို့ ထိုင်ရာက ထလိုက်ရော…။ တပြိုင်တည်းမှာပဲ လှမ်းတိုင်ညှိနှိုင်းထားတဲ့အတိုင်း မkayကလဲ သူ့ကားထဲကနေ တံခါးဖွင့်ပြီး ရုတ်တရက် ထွက်လာပါလေရော။ ကဲ…သည့်ထက်ထူးထူးခြားခြား တိုက်ဆိုင်တာ ဘာရှိအုံးမှာလဲ။ ဒါပေမယ့် bradမှာ ပြဿနာက ပြန်ထိုင်လို့ကလဲ ကြည့်မကောင်း။ မသင့်တော်။ သည်တော့ ချော်လဲရောထိုင် ဆိုသလို…မူလက ကြံစည်ထားတဲ့အတိုင်းပဲ restroomsတွေရှိရာ အိမ်သာဘက် ဆက်ခြေဦးတည်လိုက်ပေတော့ပေါ့။

ဟောဗျ…ဖြစ်ချင်တော့ မkayကလဲ ဆိုင်ထဲ ခပ်တည်တည်ပြန်ဝင်လာပြီး restroomsတွေရှိရာ ရောက်လာပြန်တာပါပဲ။ တမင်္ဂလာကို မျက်နှာချင်းဆိုင် မတွေ့ဖြစ်တွေ့ဖြစ် မြှားနတ်မောင်က ကြံဆောင်ဖန်တီးလိုက်တာနဲ့ တူမနေပေဘူးလား။ မိန်းမနဲ့ယောက်ျား နံရံသာခြားပြီး ဝင်ပေါက်ချင်း ခွဲထားပေမယ့်၊ အိမ်သာတွေကို လာရာလမ်းကတော့ သည်တလျှောက်တည်းပဲလေ…။ ဘယ် ရှောင်တိမ်းလို့ လွတ်တော့မှာတုန်း။

သည်တခါတော့ အလွတ်မခံ နှုတ်ဆက်တဲ့အနေနဲ့ bradက စ ယဉ်ကျေးစွာ ပြုံးပြလိုက်ပါတယ်။ မkayကိုပဲ သူ့ရှေ့ကနေ အရင်လျှောက်ဖို့ ဦးစားပေးတဲ့အနေနဲ့ bradက သူ့ပုံမှန်ခြေလှမ်းတွေကို စိပ်လိုက်ပါတယ်။ မkayကလဲ…မြင်ဖူးပါတယ် မှတ်မိပါတယ် ဆိုတဲ့ အသိအမှတ်ပြု အကြည့်မျိုးနဲ့…မkayရဲ့ ဝသီအတိုင်း မျက်ခုံးကလေး တဝက်ပင့် ပြန်ဝင့်ကြည့်လိုက်ပါတယ်။ ပြီး နှုတ်ကလဲ ညင်ညင်သာသာ thanks ပါ…တဲ့။

ဟုတ်လိုက်သမှ ဟုတ်လိုက်လေကွယ်…။ brad အကဲခတ်မမှား နိမိတ်ဖတ်မမှားခဲ့ပါဘူး။ သမုဒ္ဒရာထဲက islanderကျွန်းတကျွန်းသူ ဖြစ်ရမယ်လို့ သူတွက်ခဲ့တယ်မဟုတ်လား။ ခု ကြည့်လေ…။ thinksတဲ့။ မပီဘူး။ နည်းနည်းဝဲတယ်။

အဲ…ပြန်ထွက်အလာမှာကျတော့ မေးခွန်းတွေတထမ်းကြီးနဲ့ မေးလိုက်မဟဲ့လို့ ပြင်နေတဲ့bradက တခွန်းမှ မမေးရသေးဘူး။ မkayရဲ့ ကိုယ်ရေးကိုယ်တာမို့ မေးသင့်မမေးသင့် ချင့်ချိန်နေတုန်းရှိသေးတယ်။ ကဗျာကသီ အမှီလိုက်ထွက်လာတဲ့ မkayက တကတဲ အာသွက်လျှာသွက်နဲ့ ကောက်ကာငင်ကာ စ မေးချလိုက်လေရဲ့…။

‘စောစောက တွေ့တာဟုတ်…အဲသည်ကတည်းက ရှင်ဆိုင်ထဲဝင်သွားတာ…ခုမှ စားပြီးတယ်ဟုတ်…’

Brad ကြောင်အအနဲ့ ဘာဖြေရမလဲ။ ခေါင်းပဲ ညိတ်ပြလိုက်ဖြစ်တယ်။ ပြီးတော့မှ ထုံးတမ်းစဉ်လာမအတိုင်း နှုတ်ဆက်တဲ့အနေနဲ့ လက်ကို ခပ်လျော့လျော့ ကမ်းပေးရင်း…

‘ကျွန်တော် bradပါ’…

‘ကျမ kayပါ…nice to meet you’…

သဘောလောက် ခပ်ဖွဖွ လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။…

လက်ဆွဲနှုတ်ဆက်ခွင့် ရပြီဆိုတော့မှ bradလဲ ရဲစပြုလာတယ်။ ပြောရဲလာတယ် ဆိုပါတော့။

‘ခွင့်ပြုပါ…ကျွန်တော်သိချင်နေတာကလေးတွေ တခွန်းနှစ်ခွန်း မေးပါရစေ’

မkayက နှုတ်မ်းစေ့ထားရက်နဲ့…‘အင်းဟင်’…လို့ အသံထွက် ခေါင်းဆတ်ခွင့်ပြုတယ်။ ပြီးတော့ မေးလာမယ့်မေးခွန်းမျိုးကို ကြိုသိနေရက်နဲ့ မသိဟန်ဆောင်ထားပြီး၊ လည်တိုင်ကြော့ကလေးကို ငဲ့မော့်နားစွင့်တယ်။ မkayလဲ ငယ်တော့တာမှ မဟုတ်ပဲ။ အူ ဘယ်နှစ်ခွေ မော့်ဝမ်းထဲမှာ ရှိတာလဲဆိုတာ သိတာပေါ့။ သည်စကားမျိုးနဲ့ စလာရင် ဘယ်စကားမျိုးနဲ့ ဆုံးတတ်တယ်ဆိုတဲ့ ယောက်ျားတွေရဲ့သဘောကို နောကျေနေပါပြီ။ ဒါပေမယ့် မိန်းမတို့ဓမ္မတာ နားဝင်ချိုမယ့်စကားတွေ ဆိုတော့လဲ…အရသာခံ ကြားချင်ပါသေးတယ်ဆိုတဲ့…သဘော။ မျက်နှာပေါ်က မပြုံးတုံ့ပြုံးတုံ့အပြုံး မပီမပြင်ကလေးနဲ့ ညှို့ငင်တဲ့အကြည့်ကလဲ လှရက်ပါပဲ။ တချိန်တည်းမှာ ခြေထောက်တွေကလဲ အလှမ်းမပျက် လျှောက်ရက်ပဲနော်…။ ဆိုင့်အပြင်ဘက် ပြန်ထွက်မယ့်ပုံရယ်။

Bradလဲ အပြင်ထွက်မယ့်လူဆိုတော့ ပျော်သွားပါတယ်။ အထွက်တံခါးရွက်ကို တွန်းဖွင့်ကိုင်ပေးထားပြီးမှ မkayနောက်က သူလိုက်ထွက်တယ်။ အပြင်ရောက်တော့မှ မkayရဲ့ကားရှေ့မှာ ခဏရပ်ပြီး သူ့စကား ပြန်ဆက်တယ်။ ဒါပေမယ့် အိုးမလုံအုံပွင့် ဆိုတာမျိုးများ ဖြစ်နေမလားလို့ စ မပြောခင် တချက် ပြုံးလိုက်မိသေးတယ်။ မkayကတော့ လုံးဝ ကြိုတင်မရိပ်မိဟန်နဲ့ပဲ စောင့်နားထောင်နေတယ်။

‘စောစောက ဟောသည်နားမှာ kayကို မြင်လိုက်မြင်လိုက်ရချင်းမှာပေါ့နော်…ကျွန်တော့ခေါင်းထဲ အသိသစ်တခု ရလာတယ်…အော် တချို့မိန်းမတွေဟာ မျက်နှာမှာ ဘာမိတ်ကပ်မှ မချယ်သမပြင်ဆင်ပဲလဲ ရက်ရက်စက်စက် လှတတ်ကြပါကလား လို့…’

သူ့စကားက မပြတ်သေးဘူး။ မkayက ကြည်နူးရွှင်ပျ ခါးကလေးညွတ်ပြီး ဖြတ်အော်တယ်။

‘bingo! … thanks thanks gracias … စကားတတ်တယ်နော်…ရှင်ဟာ အလွန်ချိုမြတဲ့လူပဲ’…

မကေရဲ့ကျေးဇူးစကားကြောင့် bradတောင် မျက်နှာမထားတတ်ဖြစ်လာတယ်။ ရုတ်တရက်လဲ စကား ရပ်သွားတာပေါ့။

‘sorry အနှောင့်အရှက် ဖြစ်သွားတယ်ထင်ပါရဲ့…go on မေးမယ့်စကားသာ ဆက်မေးပါ’…

‘အစ ပထမတော့ kayက လှတာနဲ့ ယောက်ျားတွေရဲ့အကျင့်အတိုင်း ကြည့်မိရုံ ကြည့်မိတာပေါ့နော်…နောက်ပိုင်းကျတော့မှ kayပြုမူနေပုံတွေက ပဟေဠိဆန်လာပြီး စိတ်ဝင်စားစရာကောင်းလာတာနဲ့ ထမပြန်ဖြစ် ဖြစ်ကရော… သြ ဆိုင်ထဲကနေ kayကို ခိုးကြည့်နေမိတဲ့အတွက်တော့ ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်’

‘တောင်းပန်ဖို့ မလိုပါဘူး…ကျမဖြင့် သတိတောင် မထားမိပါဘူး…ကျမ အရမ်းအိပ်ချင်တာနဲ့ ကားထဲမှာအိပ်ပျော်သွားတယ်…မသိလို့ ပြန်မေးမယ်နော်…စောစောက ရှင်ပြောလိုက်တဲ့အထဲမှာ ကျမက ပဟေဠိ ဝှက်တယ်ဆို…အဲဒါဘာလဲ…ရှင် ဘာကို ဆိုလိုတာလဲ…’

‘kay ညက ကောင်းကောင်း မအိပ်ခဲ့ရလို့လား…’

‘ရှင်ကချည့် မေးနေတာကို…ကျမ ပြန်မေးတာကိုတော့ ရှင်မဖြေသေးဘူးနော်…’

‘ဘာပါလိမ့် kayမေးတာ…’

‘ကျမက ပဟေဠိဝှက်တယ်ဆိုတာလေ…’

‘အော်…kayက ပဟေဠိဆန်တယ်လို့ပြောတာပါ…ကျွန်တော်က kay ပြုမူနေပုံတွေကို မြင်ရပြီး အဖြေရှာမရတာလေ…kay ဘာပြုလို့ ကိုယ့်ကားပေါ်ကိုယ်ပြန်ရောက်ပြီးမှ အိမ် မပြန်တာလဲ…လို့’…

‘ရှင် ကျမကို ခုမှ သိလို့ နေမှာပါ…သည်ဆိုင်က အလုပ်သမားတွေအားလုံးကတော့ သိကြပါတယ်…ကျမမှာ ပြန်စရာ အိမ်မှမရှိပဲ…သည်ကားက ကျမရဲ့အိမ်ပဲ…ကျမ သည်ဆိုင်မှာ အလုပ်လုပ်တယ်…ည၁၂နာရီမှာ အလုပ်ဝင်တယ်…မနက်၉နာရီ ပြီးတယ်…ကားထဲမှာ ပြန်အိပ်တယ်…အဲဒါက ရှင့်ကို စိတ်ဝင်စားစေတာလား…’

‘sorryနော်…kayရဲ့ ကိုယ်ရေးကိုယ်တာတွေကို မေးမိသလို ဖြစ်သွားလို့…’

‘ရပါတယ်…ကျမမှာ လျှို့ဝှက်စရာ မရှိပါဘူး’

စကားဆက်စရာ မရှိတော့ ရပ်သွားကြတယ်။ မkayကလဲ လမ်းခွဲဖို့ ဟန်ပြင်လိုက်တယ်။

‘ဒါပဲလား…ရှင့်ပဟေဠိက…ဒါန့ ရှင့်ကားရော…ဘယ်မှာ ရပ်ထားလဲ…’

ပြီးပါပြီ။ ယဉ်ကျေးတဲ့လူတွေအနေနဲပကတော့ မkayရဲ့စကားက သွယ်ဝိုက်တဲ့နည်းနဲ့ နှုတ်ဆက်လိုက်တာပေါ့။ ကိုယ့်ကားရှိရာကိုယ်သွား၊ ပြန်တော့ဆိုတဲ့အဓိပ္ပာယ်။ bradလဲ သဘောပေါက်ပါတယ်။ ခုမှ တကြိမ်တခါပဲ မြင်ဖူးတွေ့ဖူးကြတဲ့လူချင်း တယောက်အကြောင်းတယောက် သည့်ထက် ပို့သိချင်လို့ မကောင်းတတ်သေးဘူးပေါ့နော်။ သည့်ထက်သည် ပိုသိချင်ရင်တော့ ရှေ့ ခရီးဆက်ရုံသာ ရှိတော့မပေါ့။

ဒါပေမယ့် မkay ကောက်ချက်ချလိုက်တဲ့အတိုင်း brad စကားကောင်းကြောင်း ပြောတတ်ပါတယ်။ bradရဲ့ဘက်ကလဲ ရိုးရိုးသားသား ပြန်ဖွင့်ပြောဖို့သင့်ပြီလေ…။

‘kayမြင်သားနဲ့…ကျွန်တော်က ဘတ်စ်ကားပေါ်က ဆင်းလာပြီး ဈေးသက်သာတဲ့ သည်ဆိုင်မှာ ဝင်စားမယ်လို့ လျှောက်လာရင်းနဲ့ kayနဲ့ သည်နေရာမှာ…တွေ့ကြတာလေ… ကျွန်တော့မှာ ကိုယ်ပိုင်ဆိုလို့ အရုပ်ကားတောင် မရှိပါဘူး…ပြီး အခုလောလောဆယ်တော့ laidoff အလုပ်လက်မဲ့…’
မkayက စိတ်မကောင်းဟန်နဲ့ ခပ်လျော့လျော့ ပြုံးတယ်။ ပြီး bradကို နှစ်သိမ့်တဲ့သဘောလဲ ဖြစ်၊ ခင်မင်ရင်းနှီးလိုစိတ်ရှိကြောင်း ပြရာလဲ ရောက်အောင်…မkayက စ လက်ကမ်းပေးလိုက်ပါတယ်။

‘bye…see your around…have a nice day…’

လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။

ဒါပေမယ့် bradက မkayရဲ့လက်ကို ရုတ်တရက် မလွှတ်ပဲ သူ့ဘယ်ဘက်လက်နဲ့ပါ ထပ်အုပ်ပြီး တဆင့် ထပ်ကွန့်လိုက်တယ်။

‘can I see you again…’

မkayကလဲ သူ့ဘယ်ဘက်လက်နဲ့ပါ ထပ်အုပ်ပြီး၊ ပြုံးပြုံးရွှင်ရွှင် ဖြေတယ်။

‘of course…’

‘where…’

‘right here…’

‘when…’

‘any time…’

‘kay, I’m serious…’

‘I’m serious too…’

‘then, tomorrow…’

‘ok…’

Brad လက်တွေ ဖြေလွှတ်လိုက်ပြီး၊ လူချင်းလဲ ခွဲလိုက်တယ်။

‘bye…’

‘bye…’

(သရုပ်ဖော်ပန်းချီ - သန်းဌေးမောင်)

မှတ်ချက်//http://above-3-or-4-pages.blogspot.com/မှဖေါ်ပြပေးသည်

ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...

ရုံးမတက်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦးကို ရာထူးတိုးပေး

29/11/2009
RFAသတင်း

(ခင်ပြုံးရွှေ၊ အေးအေးသစ်ရွှေ၊ ဒေဝါရွှွှေ၊ ကြည်ကြည်ရွှေ)












ရုံးမတက်ဘဲ စင်္ကာပူ မြန်မာသံရုံးမှာ တာဝန်ပြထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦးကို ပြီးခဲ့တဲ့ သောကြာနေ့က စပြီး ရာထူးတိုးပေးလိုက်တဲ့အတွက် ပြည်ပ မြန်မာသံတမန် အသိုင်းအဝိုင်းကြား ဝေဖန်မှုတွေ ဖြစ်လာတယ်လို့ စုံစမ်းသိရပါတယ်။ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦး ဖြစ်တဲ့ စင်္ကာပူ မြန်မာသံရုံး ပထမအတွင်းဝန် ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ နှစ်ဦးစလုံးကို နိုဝင်ဘာလ ၂၇ ရက်နေ့ကစပြီး သံမှူးအဖြစ် တပြိုင်တည်း ရာထူးတိုးမြှင့် ခန့်ထားလိုက်တာဖြစ်တယ်လို့ အမိန့်စာ ဖတ်ရတဲ့ နေပြည်တော် သံတမန်တဦးက ပြောပါတယ်။


ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ နှစ်ဦးစလုံးကို စင်္ကာပူ မြန်မာသံရုံးခေါင်းစဉ်နဲ့ ရာထူးတိုးပေးခဲ့ပေမယ့် အဆိုပါ သမီးနှစ်ဦးစလုံးဟာ စင်္ကာပူမှာမရှိဘဲ နေပြည်တော်မှာသာ နေထိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောပါတယ်။ နေပြည်တော်မှာလည်း ရုံးမတက်ဘဲ အိမ်မှာနေပြီး နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးရှိတဲ့ နေ့မျိုးမှသာ ရုံးခဏ လာလေ့ရှိတယ်လို့ သံတမန်သတင်းရပ်ကွက်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦးကို ရုံးမတက်ဘဲ ရာထူးတိုးပေးထားလို့ ဝန်ထမ်းတွေအကြား မကျေနပ်မှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့နှစ်ဦးရဲ့ အမည်တွေဟာ ၂ဝဝ၉ ခုနှစ် အီးယူက ဒဏ်ခတ်ပြီး နာမယ်ပျက်စာရင်း သွင်းထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မိသားစုဝင်စာရင်းမှာလည်း ပါဝင်နေပါတယ်။

တချိန်ထဲမှာဘဲ တရုတ်နိုင်ငံ ကူမင်းမြို့ ကောင်စစ်ဝန်ချုပ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားမက် ကောင်စစ်ဝန်ချုပ် ဦးဇော်ဖြိုးဝင်းစီးဖို့ Mercedes-Benz E-300 အမျိုးအစား နောက်ဆုံးပေါ် ဇိမ်ခံကားသစ်တစီးကို ဘေကျင်းမြို့ မာစီဒီးကုမ္ပဏီက တဆင့် မကြာခင်က မှာယူထားတယ်လို့ စုံစမ်းသိရပါတယ်။

သာမန်ဆိုရင် ကောင်စစ်ဝန်ချုပ်အဆင့်ကို မာစီဒီးကား စီးခွင့်ပေးလေ့မရှိဘဲ မြန်မာသံအမတ် အဆင့်တွေကိုသာ မာစီဒီးကား စီးခွင့်ပေးတာဖြစ်ပါတယ်၊ ဦးဇော်ဖြိုးဝင်းကိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားမက်ဖြစ်တဲ့အတွက် မာစီဒီးကား အသစ်ဝယ်စီးခွင့်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တဦးက ပြောပါတယ်။

ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...

၂၀၁၀ မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဦးမည်ဟု န အ ဖ ပြော

28/11/2009
မိုးမခသတင်း

ယနေ့ထုတ် မြန်မာစစ်အုပ်စုသတင်းစာများတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အထက်ပါအတိုင်း ၎င်း၏ ကြံဖွံ့အဖွဲ့ဝင်များအား သောကြာနေ့က ကျင်းပသော ညီလာခံတခုတွင် မိန့်ကြားလိုက်သည်ကို တွေ့ရသည်။ တိုင်းပြည်၏ ယခုကဲ့သို့ အရေးကြီးလှသော သမိုင်းဝင်မည့် အဖြစ်ကို အားလုံးက အပြုသဘော ၀ိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းသည်ဟုလည်း အစိုးရသတင်းစာတွင် ဆိုထားသည်။ ဖျက်လိုဖျက်ဆီး မလုပ်ကြရန်လိုကြောင်း၊ ကြံ့ဖွံ့တို့က ပြည်သူနှင့်လက်တွဲပြီး စစ်အုပ်စု၏ လမ်းညွှန်မြေပုံ ၇ ရပ်ကို အကောင်အထည်ဖော်ကြဖို့ ဖြစ်ကြောင်း မိန့်ကြားသည်ဟု ဖော်ပြထားသည်။

စစ်အုပ်စုသည် ၎င်းတို့ ကျင်းပခဲ့သော ၁၉၉၀ ရွေးကောက်ပွဲနှင့် ရလဒ်များကို တလုံးတပါဒမျှ ထုတ်ဖော် အသိမှတ်ပြုခြင်း၊ ထည့်သွင်း ဖော်ပြခြင်း လုံးဝ မရှိဘဲ ယခု ၂၀၁၀ ရွေးကောက်ပွဲကို ထပ်မံကျင်းပခြင်း ဖြစ်သည်။ ယင်းသို့ ကျင်းပရန်အတွက် ၂၀၀၈ အခြေခံဥပဒေတခုကို အမျိုးသားညီလာခံကျင်းပပြီး ချမှတ်ခြင်း၊ တိုင်းရင်းသား အပစ်ရပ်အဖွဲ့များကို ဖိအားပေးပြီး ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံ ၀င်ရောက်ကြရန် သို့မဟုတ် ၀န်းရံကြရန် အားထုတ်လျက် ရှိသည်။

ကြံ့ဖွံ့ ဟု အမည်တွင်သည့် စစ်အုပ်စု ဒေါက်တိုင် သို့မဟုတ် လက်ကိုင်တုတ် အရပ်ဖက် အဖွဲ့အစည်းတရပ်ကို ၁၉၉၃ တွင် ထူထောင်ခဲ့ပြီး ယခုအချိန်တွင် အင်အားအဖြစ် သန်းနှင့်ချီပြီး ရှိသည်ဟု ကြွားလုံးထုတ်လျက်ရှိသည်။ ၎င်းကြံ့ဖွံ့အင်အားစုများနှင့် အတိုက်အခံများကို ကိုယ်ထိလက်ရောက် ရန်မူခြင်း၊ ၂၀၀၃ ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ သံဃာအရေးအခင်းနှင့် ၂၀၀၈ နာဂစ်အရေးအခင်းတို့တွင် ပြည်သူလူထုနှင့် ရဟန်းသံဃာများကို ဖိနှိပ် ခြိန်းခြောက်ရာတွင် အသုံးချခဲ့သည်။

ယခု ၂၀၁၀ မတိုင်မီတွင် ကြံ့ဖွံ့အင်အားစုများကို ပြည်သူ့စစ်သင်တန်း ပေးခြင်း၊ အစိုးရသတင်းပေးများအဖြစ် လေ့ကျင့်ပေးခြင်းတို့အပြင် ကျေးလက်တောရွာများတွင်သာမက နယ်မြို့များတွင် အတိုက်အခံများနှင့် စာနယ်ဇင်းသတင်းထောက်များကို စုံစမ်းစောင့်ကြည့်စေခြင်း၊ လုံခြုံရေးတပ်ဖွဲ့များသို့ သတင်းပို့ခိုင်းခြင်းတို့ကိုပါ ခိုင်းစေခဲ့သည်ဟု မျက်မြင်တို့က ပြောသည်။ ကြံ့ဖွံ့အသင်းဝင် ဦးရေ များသည့် လူနေရပ်ကွက်များကို စစ်အုပ်စုက အကူအညီများ၊ အထောက်အပံ့များဖြင့် မျက်နှာသာ ပေးခြင်းတို့ဖြင့် ဆွဲဆောင်လျက် ရှိသည်ဟု ဆိုသည်။

“သဘောကတော့ဗျာ … နယ်မြို့တွေမှာ ကျနော်တယောက် ကြံ့ဖွံ့ထဲ ၀င်ထားရင် ကျနော် မိသားစုတွေ အနည်းနဲ့ အများ အနေချောင်တယ်ပေါ့ဗျာ။ မဲပေးစရာ ဘာညာ ရှိရင်လည်း သူတို့ ခိုင်းတဲ့အတိုင်း လုပ်ဖို့ ညွှန်ကြားချက်တွေ လာမယ် ပြောတယ်”

ဟု မိုးမခပရိသတ်တဦးက မှတ်ချက်ပေးသည်။

ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...

“Right is might”

28/11/2009

In Myanmar, there is a word we often hear; that is “food chain or the law of the jungle”. Most people often say it when they see someone who is being tortured. Today not only in Myanmar but in most parts of the world such torturing and suppression are happening. Domination of the powerless by the powerful and the poor by the rich etc. are very common almost everywhere. Therefore some say “might is right”.

Buddhism, in fact, does not support using any types of might against the weak. But if we trace Buddhism back to its origin, it was not all roses. Once there was an orthodox monk named Yassa, living in Vesali. There were a handful of monks, named Vajji, as well. The Vajji monks practiced illegalities and immoralities in the extreme. For different mannered people it is naturally very difficult to stay together. It was the main cause of controversy. Just in brief, the orthodox monk was expelled from the brotherhood. He left it and later on, defeated the unorthodox monks in favour of orthodox monks. However they, miscreant monks, tried to dominate by force, the truth triumphed in the end.

The author Samuel Smiles wrote a passage in his book, DUTY, “Truth may run for a long time underground, but it is sure to work its way to the surface at last”. This passage is supported by the above event. For Buddhist monks, Buddhist regulations have to come first. Even though some Buddhist leaders in Myanmar have joined with authorities and have worked on their content they dare not associate with them brazenly. They seem to realize themselves that they have been walking the wrong path.

There is a reason why I am writing about this. In 1990 and 2007, most Buddhist monks nationwide in Myanmar did an ex-communication (Pattanikujjana)) the military junta for their misbehaviors. According to the regulation of ex-communication laid down by the Buddha to prevent dispensation, a person who has been ex-communicated has to apologize to the monks. As long as he does not apologize, the regulation of ex-communication exists. Buddhist monks themselves are restricted from associating with anybody who has been ex-communicated by accepting offerings and by preaching any doctrines. The military junta has not apologized to the monks since then.

Recently Myanmar Student Monks Association (MSMA) successfully made a protest against military leader’s trip to Sri Lanka. Before he came to Sri Lanka, we had got information that during his trip he would do some offerings to the monks who are staying for study in Sri Lanka. Therefore we, Myanmar Student Monks Association, issued a statement on the eve of his arrival containing some words that we would pursue ex-communication to the military junta and not accept any offerings from them. He knew that he would definitely encounter demonstrations against him if he came to the Burmese temple. Because of our statement and activities, dictator did not dare to come to any Burmese Temples in Sri Lanka. But he left offerings in the Burmese embassy and might have ordered to make a scheme to split unity among Burmese monks studying in Sri Lanka.

On October 22nd, 2009, Food Donation Ceremony was orchestrated by Myanmar Embassy at Makutarama Myanmar Temple in Colombo. I’m one hundred percent certain that this Food Donation with two hundred US dollars was not done with good intention. As before, that will be the first step to interfere Sangha affairs. Anyhow, that food donation has caused disagreement between two groups, one who accepted offerings and the others who denied their bribes. This is what the military junta has intended.

We believe in the principle, unity first. Therefore, we will try our best to maintain unity amongst Sangha. At the same time, we will not kneel down before threatened words and pressures. And we will continue our Sangha act, Ex-communication, against Military Junta by not accepting any offerings from them. We believe that the real truth will be strengthened and those who have views contrary to the truth will become weaker and weaker at the end.


Truth must triumph in the long run.

Ashin Ukkattha

ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...

စာရေးသူနှင့် ရေးစရာ

28/11/2009
စာရေးသူနှင့် သတင်းသမားကတော့ အတော်ကြီးကို ကွာလှသည်။ သတင်းသမားအတွက် ရေး စရာ (အကြောင်းအရာ) တွေသည် မှန်ကန်ဖို့ လိုသည်။ ပြီးတော့ အထောက်အထားကလည်း ခိုင်လုံရဦး မည်။ ဒါတင်ပဲလား။ တင်ပြပုံကလည်း အစွန်းနှစ်ဖက် မညှိဖို့ အထူးပဲ လိုအပ်နေပြန်သည်။ ပြီးတော့ ဦး တည်ချက်က အကောင်းလား။ အဆိုးလား။ ပြဿနာလား။ အခက်တွေပဲလား။ တစ်ခုခုတော့ ဖြစ်ဖို့လိုမည်။ စာရေးဆရာကတော့ သူရေးချင်ရာ ကြံဖန်တွေး၍ ကြံဖန်ရေးတတ်သည်။ ဖြစ်ရပ်မှန် မဟုတ်လည်း ကိစ္စ မရှိ။ ပြီးတော့ အထောက်အထားတွေ ဘာတွေလည်း မလို။ အရေးကြီးသည်မှာ သူပေးချင်သည့် အကြောင်း အရာ သာ အဓိက ကျတော့သည်။ သူက စာဖတ်သူကို ဘာတွေ ပေးချင်ပါသနည်း။ တွေးစရာတွေလား။ ထပ်မေးစရာတွေလား။ ဆင်ခြင်ချိန်ဆစရာတွေပဲလား။ တစ်ခုခုတော့ တစ်ခုခုပါပဲ။ ဒါက စာရေးသူ၏ ၀ှက်ဖဲတစ်ချပ်သာ ဖြစ်ပါ၏။
Aung Sie Hein

ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...

never used your cell during charge

28/11/2009

Never use handphone when it is charging... it will cause explosion.

TAKE THE ADVICE IN THIS VERY IMPORTANT MESSAGE


A few days ago, a young man was recharging his mobile phone at home.
Just at that time a call came in, he answered it with the instrument still
connected to the outlet.


In a split moment electricity flowed into the cell phone unrestrained and the
young man was thrown to the floor with a heavy thud.
His parents rushed to the room and found him unconscious, with a weak
heartbeat, and burned hand.


He was rushed to the nearby hospital, but was pronounced dead on arrival.
Cell phones are a very useful modern invention.

However, we must always be aware that it can also be an instrument of death.
Never use a cell phone while it is
connected to an electrical outlet!


FORWARD THIS TO THE PEOPLE THAT MATTER IN YOUR LIFE!!!!








မှတ်ချက်//အီဒမေလ်မှမျှဝေဖေါ်ပြသည်

ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...

နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ရင် ရွေးကောက်ပွဲ လက်မခံ

28/11/2009
RFA

နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးဘဲ ရွေးကောက်ပွဲကို မြန်မာစစ်အစိုးရက ကျင်းပခဲ့မယ်ဆိုရင် လက်ခံမှာ မဟုတ်ဖူးလို့ ဒီကနေ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ အာရှ ဒီမိုကရက်တစ်နဲ့ လစ်ဘရယ်ပါတီများကောင်စီ ၁၅ ကြိမ်မြောက် ညီလာခံ ပထမနေ့မှာ သဘောတူ အတည်ပြုလိုက်တယ်လို့ သတင်း ရရှိပါတယ်။ဒီလို ဆုံးဖြတ်ချက်ချဖို့ လစ်ဘရယ်အင်တာနေရှင်နယ် လို့ခေါ်တဲ့ နိုင်ငံတကာ လစ်ဘရယ်ပါတီများအဖွဲ့က တင်သွင်းတာဖြစ်ကြောင်း ညီလာခံ တက်ရောက်နေတဲ့ NCUB မြန်မာနိုင်ငံ ပြည်ထောင်စုအမျိုးသားများကောင်စီ နိုင်ငံခြားရေးဌာနတာဝန်ခံ ဦးညိုအုံးမြင့်က အာအက်ဖ်အေကို ပြောပါတယ်။

ဦးညိုအုံးမြင့်။ ။'အဓိကကတော့ အပြည်ပြည်ဆိုင်ရာ လစ်ဘရယ်ပါတီများအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးရင် အာရှတိုက်နိုင်ငံတွေကနေ ၂ဝ၁ဝ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ အဆိုတင်တာက ထူးခြားပါတယ်။ ဘာလို့လဲဆိုတော့ လစ်ဘရယ်ပါတီတွေက ပါတီပေါင်း ၁၇ဝ ရှိပါတယ်'

ဒီညီလာခံမှာ ထိုင်းနိုင်ငံ အာဏာရ ဒီမိုကရက်တစ်ပါတီ၊ မလေးရှားနဲ့ သီရိလင်္ကာနိုင်ငံတွေရဲ့ ညွန့်ပေါင်းအစိုးရ ကိုယ်စားလှယ်တွေ၊ အတိုက်အခံ နိုင်ငံရေးပါတီတွေ အပါအဝင် အာရှတိုက် ရှစ်နိုင်ငံက လစ်ဘရယ်နဲ့ ဒီမိုကရက် ပါတီဝင်တွေ တက်ရောက်ကြပါတယ်။ မြန်မာအဖွဲ့ကို အဲန်စီယူဘီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က ခေါင်းဆောင်တယ်လို့ သိရပါတယ်။

ညီလာခံမှာ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ လောလောဆယ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းထားတာနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်ဖက်က တုန့်ပြန်မှု မရှိသေးတဲ့ကိစ္စအပေါ် အလေးအနက်ထားကြဖို့ အဓိကထားပြီး ဆွေးနွေးတင်ပြခဲ့တယ်လို့ ဦးညိုအုံးမြင့်က ပြောပါတယ်။

ဦးညိုအုံးမြင့်။ ။'ကျနော်တို့ အဓိက တင်ပြထားကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ကို နအဖ ဘက်က၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဘက်က မတုန့်ပြန်သေးတဲ့အပေါ်မှာ ကျနော်တို့ စိုးရိမ်မကင်းဖြစ်တယ်။ အာရှတိုက်ထဲမှာ ရှိနေတဲ့ နိုင်ငံရေးပါတီအနေနဲ့ ဒီအချက်ကို တွန်းအားပေးဖို့ ဆက်ပြီးတော့ ကျနော်တို့ တောင်းခံသွားမယ်ဆိုတဲ့ အချက်ကို ကျနော်တို့ ဦးစားပေးပြီး ဆောင်ရွက်ပါတယ်'

မနက်ဖြန်ညီလာခံမှာတော့ ကမ္ဘောဒီယားနဲ့ မြန်မာနိုင်ငံအရေး ဆက်လက်ဆွေးနွေးကြဖို့ရှိပြီး ဒီမိုကရေစီ နိုင်ငံတွေနဲ့ လူ့အခွင့်အရေးအကြောင်းကို မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးမောင်မောင်က တင်ပြဖို့ ရှိတယ်လို့ သိရပါတယ်။

ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...

New Facebook Worm Warning

27/11/2009

Facebook အသုံးပြုသူ မိတ်ဆွေများ အထက်ပါပုံမျိုးကို မိမိရဲ့ Wall မှာဖြစ်စေ၊ သူငယ်ချင်းတွေရဲ့ Wall တွေမှာဖြစ်စေ တွေ့ခဲ့ပါက လုံးဝ Click မလုပ်မိပါစေနဲ့။ လုပ်မိခဲ့ရင်တော့ CSRF worm တိုက်ခိုက်တာ ခံသွားရပါလိမ့်မယ်။ အဲဒီ worm ဘယ်လို attack လုပ်တယ်ဆိုတာကို အောက်ပါ Video မှာ ရှင်းပြထားပါတယ်။

Facebook ကတော့ အဲဒီလို သံသယဖြစ်ဖွယ် Link တွေ၊ ပုံတွေကို Click မလုပ်မိစေဖို့အတွက်လည်း သတိပေးထားပါတယ်။ Faceebookerတွေ သတိထားကြပေတော့ ;)
မှတ်ချက်//http://cmsmdy.blogspot.com/မှမျှဝေဖေါ်ပြပါသည်

ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...

အောက်ခြေတပ်မှူးများ ဒီမိုကရေစီလိုလား

27/11/2009
ရိုးမ ၃

စစ်အစိုးရ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို အောက်ခြေတပ်မှူးများ စိတ်ဝင်စားခြင်းမရှိဘဲ စစ်အာဏာရှင်စနစ်သည် မှန်ကန်ခြင်းမရှိဟု သုံးသပ်ပြောဆိုနေကြသည်။“စားဝတ်နေရေးကိစ္စကို တပ်ကိုပဲမှီခိုနေရလို့ စိတ်သွားတိုင်း ကိုယ်မပါကြဘူး။ အပြောင်းအလဲတရပ်ဖြစ်မှ အခြားအဆင့်အတန်းများအတွက် အဆင်ပြေမှာပါ” ဟု အမည်မဖော်လိုသည့် ဒုဗိုလ်မှူးကြီးတဦးက ပြောသည်။

ရွေးကောက်ပွဲဖြစ်ပေါ်လာပါကလည်း စစ်အစိုးရသာ ရာသက်ပန် သက်တမ်းရှည်မည်ဖြစ်ပြီး ဗိုလ်မှူးကြီးနှင့် ဒုဗိုလ်မှူးကြီးအဆင့်များမှာ ထပ်ဆင့် ရာထူးတိုးမြှင့်ခြင်းမခံရသည်က တပ်တွင်း အကြပ်အတည်းအလွန်ကြီးမားနေကြောင်း ၎င်းက ဆက်ပြောသည်။

“ရွေးကောက်ပွဲက ဘယ်သူပဲနိုင်နိုင် အာဏာရှင်စနစ်ပဲဖြစ်မယ်။ ဒီမိုကရေစီပြည့်ဝအောင် ရမယ်လို့ ကျနော်တို့ မမျှော်လင့်ဘူး။ မဲသွားပေးလည်း အလကားပဲ” ဟု အဆိုပါဒုဗိုလ်မှူးကြီးက ဆက်ပြောသည်။

လက်ရှိ စစ်အစိုးရအနေဖြင့် ပြည်သူနှင့် အောက်ခြေဝန်ထမ်းများကို စားဝတ်နေရေးကိစ္စများဖြင့် လုံးချာလိုက်အောင် ဖန်တီးထားပြီး ရွေးကောက်ပွဲကို စိတ်မဝင်စားအောင် ပြုလုပ်ထားခြင်းသာဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောသည်။

“တပ်မှာက အသက် ၆၀ ပြည့်ရင် နားရမယ်လေ။ သူတို့က တကယ်တမ်း မနားရဲပါဘူး။ ဒါကြောင့် ကျနော်တို့အဆင့်တွေ အောက်ခြေမှာ ပိတ်ဆို့နေတာ။ ဒီကိစ္စကို အားလုံးက မကျေနပ်ကြဘူး။ ရွေးကောက်ပွဲတောင် ဖြစ်ပါ့မလားလို့ စဉ်းစားမိတယ်” ဟု အဆိုပါဒုဗိုလ်မှူးကြီးက ဆက်ပြောသည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို မေလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း တပ်မတော်အတွင်း သတင်းများ ထွက်ပေါ်နေလျက်ရှိသည်။

ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...

မော်လမြိုင် နှစ်ထပ်ဈေးမှ အမြတ်ငွေ သိန်းပေါင်း သိန်းချီရ

27/11/2009
ဗိုလ်ချုပ်ကြီးသူရရွှေမန်း၏သား အဓိကရှယ်ယာပါဝင်သည့် ဧရာဟင်္သာကုမ္ပဏီသည် မော်လမြိုင် အမှတ် (၁) ဈေး ဆောက်လုပ်ရာ တွင် အမြတ်ငွေ ကျပ် သိန်းပေါင်း (၁) သိန်းကျော် ရရှိခဲ့ကြောင်း အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်း၌ ပါဝင်ခဲ့သူ အင်ဂျင်နီယာတဦးက ပြောသည်။၎င်းက “ကျနော်တို့ ဈေးဆောက်တာ ဆိုင်ခန်းပေါင်း (၁,၃၃၆) ခန်း ထွက်တယ်။ မူလပိုင်ရှင်တွေရဲ့ အခန်း (၁,၁၂၄) ခန်းကို တခန်း ကျပ် သိန်း (၅ဝ) သွင်းခိုင်းတာက ကျပ်သိန်းပေါင်း (၅၆,၂ဝဝ) ရတယ်။ ကုမ္ပဏီခွဲတမ်းက ပိုတဲ့ အခန်းပေါင်း (၂၁၂) ခန်း ကို အနည်းဆုံး ကျပ်သိန်း (၄ဝဝ) လောက်နဲ့ ဈေးဖွင့်ရောင်းတာ၊ အကြမ်းဖျဉ်း ကျပ်ငွေ သိန်းပေါင်း (၈၄,၈ဝဝ) ရတယ်။

စုစုပေါင်းဝင်ငွေ သိန်းပေါင်း (၁) သိန်း (၄) သောင်း ကျော်တယ်။ ဈေးဆောက်တာက ကျပ်သိန်း (၄) သောင်း မကုန်ဘူး။ ဒီတော့ စုစုပေါင်းအမြတ်ငွေ ကျပ် သိန်းပေါင်း (၁) သိန်းကျော်ရတယ်” ဟု ပြောသည်။

အဆိုပါ ဧရာဟင်္သာကုမ္ပဏီသည် ဗိုလ်ချုပ်ကြီးရွှေမန်း၏သား အောင်သက်မန်း၊ မော်လမြိုင်မြို့ခံ တိုင်းမှူးနှင့် ရင်းနှီးသည့် စီးပွားရေးသမားများပါဝင်ပြီး အမှတ် (၁) ဈေး ဆောက်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဈေး မီးလောင်ပြီးနောက်ပိုင်း မော်လမြိုင်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီများ ဈေးသစ်ဆောက်လုပ်ခွင့်ရရန် အရှေ့တောင်တိုင်း စစ်တိုင်းမှူးထံ တင်ပြခဲ့သော်လည်း ခွင့်ပြုချက်မရဘဲ ဗိုလ်ချုပ်ကြီးရွှေမန်း၏သားနှင့် ပူးပေါင်းလုပ်ကိုင်ရန် ညွှန်ကြားရာမှ ယခုကုမ္ပဏီ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ ဧရာဟင်္သာ ကုမ္ပဏီက ခွဲတမ်းရမည့်ဆိုင်ခန်းများ ဈေးကောင်းရအောင် ဆိုင်ခန်းနေရာများကို မသမာသည့်နည်းဖြင့် ရယူခဲ့ကြောင်း ဈေးသာယာရေး ကော်မတီဝင်တဦးက ပြောသည်။

၎င်းက “ကုမ္ပဏီဟာ ဈေးကောင်းရမယ့် နေရာကောင်းမှန်သမျှ ကြိုတင်ရယူထားပြီး ကျန်နေရာတွေကိုသာ မဲနှိုက်နေရာချထားပေးခဲ့တာ။ မူလ ဆိုင်ခန်းပိုင်ရှင်တွေ မကျေနပ်ကြပေမယ့် ဘာမှ မတတ်နိုင်ဘူး” ဟု ပြောသည်။

ယခုကဲ့သို့ ဖြစ်ရပ်မျိုး ယခင် မြိုင်ရတနာ နှစ်ထပ်ဈေး ဆောက်ပြီး၍ ဆိုင်ခန်းနေရာ ချထားစဉ်ကလည်း ကြုံခဲ့ရကြောင်း၊ ယင်းအချိန်က ဆိုင်ခန်းနေရာချထားမှုကို ပြည်နယ်ခန်းမတွင်ပြုလုပ်စဉ် ဈေးမိဈေးဖများက ကောင်းမွန်စွာ တင်ပြတောင်းဆိုခဲ့သော်လည်း ခရိုင်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ဥက္ကဋ္ဌက ရိုင်းစိုင်းစွာ ပြောဆိုခဲ့ကြောင်း အဆိုပါ ဈေးသာယာရေးကော်မတီဝင်က ပြောသည်။

၎င်းက “ဈေးသူဈေးသားတွေအပေါ် လက်ရှိ စည်ပင်နဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ဆက်ဆံပုံဟာ အရင်ကနဲ့မခြား ဘာမှမထူးခြားဘူး” ဟု ပြောသည်။

၁၉၈၉ ခုမတိုင်မီ မဆလခေတ်၌ မော်လမြိုင်မြို့သည် မှောင်ခိုမြို့တော်ဖြစ်ခဲ့ပြီး နောက်ပိုင်း ဈေးမြို့တမြို့ ဖြစ်လာကာ ဈေးဆိုင်တည်ခင်းရောင်းချမှု အဓိကဖြစ်လာသည့်အတွက် ဈေးများမှ ဆိုင်ခန်းများမှာ အလွန်တန်ဖိုးကြီးမြင့်ကြောင်း စုံစမ်းသိရသည်။

(NEJ)

ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...

Singapore firm inks massive Myanmar gas deal

27/11/2009
Breaking News
A Singaporean marine engineering company has signed a multimillion dollar contract with a Myanmar firm, and will lay gas pipelines off the shores of the military-ruled nation next year. Singapore-based firm Swiber Holdings will construct 150 kilometres of gas pipelines after signing a 77 million US dollar contract with "a Myanmar oil and gas company," the company said in a statement Friday. The statement did not give the name of the Myanmar company involved. The project will start in the first quarter of 2010 and will last six months, it added.

"We are honoured and excited to kick-start the offshore installation job in Myanmar," said Raymond Goh, group chief executive officer of Swiber Holdings. The agreement comes as foreign investment in military-ruled nation soared more than fivefold to reach almost one billion dollars last year, official statistics showed. Total foreign investment in Myanmar increased from 172.72 million dollars in the 2007-2008 fiscal year to 985 million dollars in 2008-2009, the Ministry of National Planning and Economic Development said earlier this year. Myanmar has been ruled by the military since 1962, and sanctions by the United States and Europe coupled with fiscal mismanagement during decades of military rule have battered its economy.

ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...

မြန်မာ့ သတင်းမီဒီယာအချို့ စည်းဘောင်လွတ်နေခြင်း

26/11/2009
ဒီရက်ပိုင်းအတွင်း ပြည်တွင်းက သတင်းဂျာနယ် နှစ်စောင်မှာ ပါဝင်တဲ့ အမျိုးသမီးငယ် တစ်ဦး ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် သေဆုံးခြင်း သတင်းကို ဖတ်မိပြီး ဤဆောင်းပါးကို ရေးရန် အကြံဖြစ်ပါသည်။
သတင်းအကျဉ်းမှာ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပြီးစ အမျိုးသမီးငယ်တစ်ဦးသည် ဗိုက်နာသဖြင့် ပုဂ္ဂလိက ဆေးရုံတစ်ရုံတွင် သွားရောက်ပြသသည်။ ဆရာဝန်တစ်ဦးက စမ်းသပ်စစ်ဆေးပြီး အူအတက်ရောင်ရောဂါ ရှိသည်ဟု ဆိုကာ ခွဲစိတ်ကုသသည်။ ခွဲစိတ်ကုသအပြီး နှစ်ရက်အကြာတွင် အမျိုးသမီးငယ် သေဆုံးသွားခဲ့သည်။ သတင်းနှစ်ပုဒ်လုံး၏ သုံးသပ်ချက်မှာ ဆရာဝန်၏ အမှားကြောင့် အမျိုးသမီးငယ် အသက်ဆုံးရှုံးရသည်ဟု ဆိုထားပြီး နောင်တွင် အလားတူ အမှားမျိုးမဖြစ်ရန် အကြံဥာဏ် ပေးထားလေသည်။

ကျွန်တော့်အနေဖြင့် တရားဥပဒေ ရှုထောင့်နှင့် ဆေးပညာရှုထောင့် တို့မှကြည့်၍ ပြန်လည် ဆွေးနွေးလိုသည်။

တရားဥပဒေရှုထောင့်

(၁) သတင်းနှစ်ပုဒ်လုံး၏ အရင်းအမြစ်သည် ကွယ်လွန်သွားသော အမျိုးသမီးငယ်၏ မိခင်ထံမှ ဖြစ်သည်။ သက်ဆိုင်ရာ ပုဂ္ဂလိကဆေးရုံနှင့် ပါဝင်ပတ်သက်နေသော ဆရာဝန် (သို့မဟုတ်) ၄င်းတို့က လွှဲအပ်သော ရှေ့နေတို့၏ တိုက်ရိုက် ပြောဆိုချက်များ မပါဝင်။ (မိခင်က တဆင့်ပြောသော ဆေးရုံ၏ အစုရှယ်ယာ ပါဝင်သူတစ်ဦး၏ ပြောဆိုချက်သည် hearsay evidence ဖြစ်သဖြင့် သက်သေအဖြစ် တင်ရန် ခဲယဉ်းသည်။) ထို့ကြောင့် မျှတမှု ရှိသော သတင်းများ မဟုတ်ပေ။

(၂) သေဆုံးရသည့် အကြောင်းရင်းကို ရင်ခွဲစစ်ဆေးသည့် ဆေးစစ်ချက် (Post-Mortem report) မပါရှိ။ Death certificate ( သေစာရင်း ) တစ်ခုတည်းသည် သေဆုံးရသည့် အကြောင်းရင်းအတွက် ပြည့်စုံလုံလောက်သည့် အထောက်အထား မဖြစ်ပါ။

(၃) ဆရာဝန်၏ မကျွမ်းကျင်မှု (သို့မဟုတ်) ပေါ့လျော့မှု ဖြစ်မဖြစ်ကို ဘက်လိုက်မှုမရှိသော (၄င်းပုဂ္ဂလိက ဆေးရုံနှင့်၎င်း၊ ကုသသော ဆရာဝန်နှင့်၎င်း၊ လူနာရှင်နှင့်၎င်း တစုံတရာ ပတ်သက်မှု မရှိသည့်) စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားခြင်း မရှိ။

(၄) မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်အရ တရားရုံးရှေ့မှောက်တွင် အပြစ်ရှိသည်ဟု စီရင်ခြင်း မခံရသေးသရွေ့ တရားစွဲဆိုခံရသူအား အပြစ်မရှိဟု မှတ်ယူရမည်ဆိုသော “Innocent until proven guilty” ဆိုသည့် မူကို ဆန့်ကျင်နေသည်။ (စကားချပ်။ ။ အမေရိကန် နိုင်ငံ ဖို့ဒ်ဟုဒ်စစ်စခန်းတွင် စစ်သား ၁၃ ဦးကို သေစေမှုဖြင့် စွပ်စွဲခံနေရသော ဗိုလ်မှုးဟာဆန်အား မျက်မြင်သက်သေများ အများအပြားရှိနေစေကာမူ တရားရုံးက ပြစ်ဒဏ်ချမှတ်ခြင်း မရှိသေးသဖြင့် ယခုအချိန်အထိ စာနယ်ဇင်းများက “Accused” ဟူသည့် စကားလုံးဖြင့်သာ သုံးနှုန်းပြီး အပြစ်ရှိသူဟု မသုံးနှုန်းကြောင်း သတိပြုမိပါသည်။)

ဆေးပညာရှုထောင့်

(၁) အပေါ်သွေး ၉၀ နှင့် အောက်သွေး ၆၀ သည် ကိုယ်အလေးချိန်နည်းသော မြန်မာ အမျိုးသမီးများ အဖို့ ပုံမှန်ရှိသော သွေးပေါင်ချိန် ဖြစ်နိုင်သည်။ အမျိုးသမီးငယ်၏ နေထိုင်မကောင်း မဖြစ်မီက ရှိသော သွေးပေါင်ချိန်နှင့် နှိုင်းယှဉ် စဉ်းစားရန်လိုသည်။ သာမာန်အားဖြင့်မူ အပေါ်သွေး ၉၀ နှင့် အောက်သွေး ၆၀ သည် သွေးပေါင်ချိန် နည်းနေသည်ဟု မဆိုသာ။

(၂) Acute abdomen - ရုတ်တရက်ဖြစ်သော ဗိုက်အောင့်ဗိုက်နာ ရောဂါအုပ်စု၏ လက္ခဏာများမှာ ခပ်ဆင်ဆင်တူသည်။ သေစာရင်း Death certificate တွင်ပါရှိသော ရောဂါအမည် သတ်မှတ်ချက်ဖြစ်သည့် Mesenteric lymphadenitis (အူရှိ ပြန်ရည်ကျိတ်ရောင် ရောဂါ) နှင့် Acute appendicitis (အူအတက်ရောင်ရောဂါ) ရောဂါ နှစ်မျိုးစလုံးမှာ ရုတ်တရက်ဖြစ်သော ဗိုက်နာ ဗိုက်အောင့် ရောဂါ အုပ်စုတွင် အကျုံးဝင်သဖြင့် ရောဂါလက္ခဏာ ဆင်တူသည်။ ၀မ်းဗိုက်ကို ဖိလျင် နာခြင်း (tenderness) သည် ၄င်း Acute abdomen ရောဂါအုပ်စု၏ လက္ခဏာ တစ်မျိုးဖြစ်သည်။ ကုသပုံမှာ ကွဲပြားသည်။ အူအတက်ရောင်ရောဂါ ဖြစ်လျှင် ခွဲစိတ်ကုသမှသာ ပျောက်ကင်းရန် အခွင့်အလန်းများပြီး ပြန်ရည်ကျိတ်ရောင်ခြင်း အတွက်မူ ခွဲစိတ်ကုသရန် လိုအပ်လေ့မရှိ။

(၃) ခွဲစိတ်ကုသရန်အတွက် အရွယ်မရောက်သေးသူဖြစ်ပါက မိဘ (သို့) အုပ်ထိမ်းသူ၏ ခွင့်ပြုချက် ရယူရန်လိုသည်။ ထိုခွင့်ပြုချက်တွင် ခွဲစိတ်ခြင်းကြောင့် ဖြစ်နိုင်သော အန္တရာယ်များကို သိရှိနားလည်ကြောင်းနှင့် ခွင့်ပြုကြောင်းပါရှိသည်။ ကျွန်တော်တို့ နိုင်ငံတွင် ဆရာဝန့် သဘောပါဟု ဆရာဝန်ကို ပုံအပ်တတ်ကြသည်။ အမှန်တကယ် ဖြစ်သင့်သည်မှာ ဆရာဝန် ကိုယ်တိုင် (သို့) ဆရာဝန်က လွှဲအပ်ခြင်း ခံရသော သူနာပြု က ခွဲစိတ်ခြင်း၏ အကျိုး၊ အပြစ်တို့ကို လူနာရှင်အား သေသေချာချာနားလည် သဘောပေါက်အောင် ရှင်းပြပြီး လူနာရှင်က ဆုံးဖြတ်ချက် ချရန်ဖြစ်သည်။ ဆိုလိုရင်းမှာ ဆေးပညာရှင်များဖက်က လူနာနှင့် လူနာရှင် နားလည် သဘောပေါက်အောင် ရှင်းလင်း ပြောပြရန် တာဝန်ရှိပြီး၊ ဆုံးဖြတ်ချက်ချရန်နှင့် ထိုဆုံးဖြတ်ချက်၏ အကျိုးဆက်ကို ခံစားရန်မှာ လူနာနှင့် လူနာရှင်ဖြစ်သည်။ ခွဲစိတ်ကုသချက်တွင် ကျွမ်းကျင်မှု ရှိမရှိကမူ ခွဲစိတ်ကုသသူ ဆရာဝန်၏ တာဝန်ဖြစ်ပေမည်။

(၄) “တီဗွီဓာတ်မှန် မရိုက်၊ သွေးမစစ်ပဲ ခွဲစိတ်ခန်းထဲ ပို့လိုက်တယ်” ဟု လူနာရှင် မိခင်က ပြန်လည်ပြောပြကြောင်း သတင်းတွင် ရေးသားထားသည်။ ဤအချက်မှာ အတိအကျ မှန်မမှန် ပြောရခက်သည်။ အဘယ်ကြောင့်ဆိုသော် အရေးပေါ်ခွဲစိတ်ကုသမှု အတွက် ပြင်ဆင်တိုင်း သွေးအမျိုးအစား စစ်ဆေးခြင်းနှင့် သွေးအရန်သင့်ထားခြင်းတို့က မဖြစ်မနေ လုပ်ရမည့်ကိစ္စများပင်။ ထိုသို့ မလုပ်ဆောင်ခဲ့သော် ဆရာဝန်ဖက်က “ပေါ့လျော့မှု” ရှိသည်ဟု ပြောမည်ဆိုက ပြောနိုင်သည်။ တီဗွီဓာတ်မှန် ရိုက်ခြင်းသည် ဤရောဂါအတွက် အကောင်းဆုံး စစ်ဆေးချက် ဟုတ်မဟုတ် ကျွန်တော် မပြောတတ်ပေ။ သို့ရာတွင် လူနာကို လက်ဖြင့် စမ်းသပ်ရုံတင်မကပဲ ထပ်မံအတည်ပြုသည့် စစ်ဆေးချက် ( ဥပမာ - ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း ) ကို ဆောင်ရွက်ရန် အခြေအနေပေးပါက ဆောင်ရွက်သင့်ပေသည်။ အထက်ပါအချက်မှာ ကျွန်တော်၏ ထင်မြင်ချက်သာဖြစ်ပြီး ပို၍ ဖြစ်သင့်သည်မှာ မခွဲစိတ်မီ လုံလောက်သော စမ်းသပ် စစ်ဆေးချက်များ ပြုလုပ်ခဲ့ခြင်း ရှိမရှိကို ကျွမ်းကျင်သော ပညာရှင်များပါသည့် (တရားဥပဒေ ရှုထောင့် အချက် - ၃ ပါ) ဘက်လိုက်မှုမရှိသော စုံစမ်းစစ်ဆေးရေး အဖွဲ့က အဆုံးအဖြတ် ပေးရပေမည်။

ပြန်လှန် ဆွေးနွေးချက်ကို အချုပ်ဆိုရသော် သတင်းပါ အချက်အလက်များသည် ဆရာဝန်တွင် အပြစ်ရှိသည် (သို့မဟုတ်) မရှိပါဟု ပြောဆိုရန် မလုံလောက်ဟု ထင်မြင်မိပါသည်။ ထို့အပြင် တရားရုံးတွင် တရားရင်ဆိုင်ပြီး ဆရာဝန်တွင် အပြစ်ရှိသည်ဟု စီရင်ချက် မချမှတ်သေးသောကြောင့် ဥပဒေသဘောအရ ယခုပစ္စုပ္ပန်အချိန်တွင် ဆရာဝန်၌ အပြစ်မရှိဟု မှတ်ယူရပေမည်။

တိုင်းပြည်၏ မျက်စိနှင့် နားသဖွယ်ဖြစ်သော သတင်းမီဒီယာအချို့၏ သတင်းဆောင်းပါး ရေးသားသူများက ဥပဒေရှေ့က တင်ကြို၍ အဆုံးအဖြတ်ပေးနေခြင်းသည် တရားစည်းဘောင်လွတ်နေကြောင်း ထောက်ပြလိုက်ရပါသည်။

လူမှုရေး ရှုထောင့်တစ်ခုတည်းမှ ကြည့်၍ ကောက်ချက်ချသူများ၏ ထင်မြင်ယူဆချက်များ အတွက်မူ ကျွန်တော့်အနေဖြင့် မပြောသာပေ။ ဤဆောင်းပါး နှစ်ပုဒ်၏ ကောက်ချက်များနှင့် Prejudice ( ဥပဒေ ရှေ့က တင်ကြိုအဆုံးအဖြတ်ပေးခြင်း ) တို့ကို လုံးဝ သဘောမတူ စေကာမူ မြန်မာနိုင်ငံရှိ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး ပိုမိုကောင်းမွန်လာစေရေးအတွက် တိုက်တွန်းနှိုးဆော်သည်ကိုတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။ တိုင်းပြည်၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာစေဖို့ ဆေးဝန်ထမ်းများသာမက ပြည်သူပြည်သားအားလုံးနှင့် သတင်းမီဒီယာများတွင်ပါ တာဝန်ရှိသည် မဟုတ်ပါလား။

ပြန်လှန် ဆွေးနွေးလိုပါက မှတ်ချက်တွင် ရေးသားပေးသွားပါရန် မေတ္တာရပ်ပါသည်။ စီဘောက်စ်တွင် ဆွေးနွေးရ ခက်ခဲသောကြောင့် ဖြစ်ပါသည်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်


မှတ်ချက်commentsများနဲ့ဆွေးနွေးရန် မှုရင်းသို့ကြွပါ


ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...

နအဖခေတ် ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံမှာ ဒါမျိုးတွေ လုပ်ကြတယ်

26/11/2009

နိုင်ငံတော်ပစ္စည်း အလွဲသုံးစားလုပ်မှုဖြင့် သာသနာရေးဝန်ထမ်း (၇) ဦး အပြစ်ပေးခံရ

ကမ္ဘာအေးဘုရား မဟာပါသဏလိုဏ်ဂူတော်ပုံ

နိုင်ငံတော်ပစ္စည်း အလွဲသုံးစားပြုမှုဖြင့် သာသနာရေးဦးစီးဌာနမှ ၀န်ထမ်း (၇) ဦးအား နိုဝင်ဘာ (၂၄) ရက်တွင် မရမ်းကုန်းမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်စီ အပြစ်ပေးလိုက်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါဝန်ထမ်းတို့အား ၂၀၀၇ ခုနှစ်တွင် ရုံးတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ကမ္ဘာအေး မဟာပါသဏလိုဏ်ဂူနံရံများ၌ ကပ်ထားသည့် ဓမ္မစကြာပုံတော်ကြေးဝိုင်းများ၊ ကြေးမောင်းများ၊ နိုင်ငံတော်အဆင့်ပွဲများတွင် အသုံးပြုသည့် ဆိုဖာကုလားထိုင်များနှင့် ကော်ဇောချပ်များအပါအ၀င် စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၁၈၀) ခန့်ရှိသည့် ပစ္စည်းများကို အလွဲသုံးစားလုပ် ရောင်းချခဲ့ခြင်းဖြစ်သည်။

ယင်းဝန်ထမ်းတို့သည် မဟာပါသဏ လိုဏ်ဂူတော်အတွင်း တာဝန်ထမ်းဆောင်နေစဉ် အဆိုပါ သံဃိက ပစ္စည်းများကို အကြိမ်ကြိမ် ခိုးထုတ်နေခဲ့ကြခြင်းဖြစ်သည်။

“လိုဏ်ဂူထဲက ခိုးထုတ်နေတာ ကြာပြီ။ ဘယ်သူမှ မသိကြဘူး။ တရက် ည (၇) နာရီလောက်မှာ ကားတစီးပေါ် ကုလားထိုင်တွေ မတင်နေတာကို ဦးစီးအရာရှိ ဗိုလ်ကြီးအောင်ရွှေရဲ့ ဇနီးက မြင်သွားတယ်။ အဲလိုနဲ့ စောင့်ဖမ်းတော့ ဦးသက်နိုင် (ဒု-ဦးစီးမှူး) ခိုးထုတ်နေတုန်း ဖမ်းမိတာပဲ” ဟု လိုဏ်ဂူတော်မှ ၀န်ထမ်းတဦးက ပြောသည်။

တရားခံ ဦးသက်နိုင်အား နိုင်ငံတော်ပစ္စည်း အလွဲသုံးစားမှု (အပခ) အရ အရေးယူပေးပါရန် မရမ်းကုန်းရဲစခန်းသို့ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတို့က တရားလိုပြု တိုင်တန်းခဲ့သည်။

ဦးသက်နိုင်အား စစ်ဆေးမေးမြန်းရာမှ ဆက်စပ်တရားခံများဖြစ်သော ဦးမြတ်စိုး (ဦးစီးမှူး၊ နယ်မြေဌာန)၊ လုံခြုံရေးဝန်ထမ်းများဖြစ်ကြသော ဦးအောင်ကျော်သူ၊ ဦးသိန်းမြင့်၊ ဦးဇော်မိုးလွင်၊ ဦးရဲအောင်နှင့် ရေစက်မောင်းဝန်ထမ်း ဦးစောထွန်းတို့အား ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

ယင်းအမှုအား မရမ်းကုန်းတရားရုံးမှ (၂) နှစ်ခန့် ရုံးထိုင်ကြားနာကာ အဆိုပါဝန်ထမ်းတို့အား အလုပ်နှင့်ထောင်ဒဏ် အသီးသီး အပြစ်ပေးခဲ့ခြင်းဖြစ်သည်။

တရားခံတို့၏ ၀န်ခံထွက်ဆိုချက်အရ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်။

သံဃိက ပစ္စည်းများ လက်ခံဝယ်ယူထားသူ (၄) ဦးအား အစိုးရသက်သေအဖြစ် ဆောင်ရွက်စေကာ အမှုမှ တရားသေ ပြန်လွှတ်ပေးခဲ့ကြောင်း ရန်ကုန်မြို့၊ ကမ္ဘာအေးစေတီလမ်း၊ သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ သိရသည်။

(NEJ)

ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အထူးကု ဆေးခန်းမှ မိန်းကလေးငယ်တစ်ဦး၏ ကြေကွဲရင်နင့်ဖွယ် ဖြစ်ရပ်

26/11/2009

''မမှားသော ရှေ့နေ၊ မသေသော ဆေးသမား'' ဆိုသော်လည်း အတွေ့အကြုံ ရင့်ကျက်သော ဆရာဝန် တစ်ယောက်၏ အသက်အရွယ် အရ၊ စောင့်ထိန်းအပ်သော ဆရာဝန် ကျင့်ဝတ်အရ၊ ရရှိထားသော ဆေးလက်မှတ်၊ ဒေါက်တာဘွဲ့အရ လူနာအား ခွဲစိတ်စဉ် မိမိ ထင်မြင်ယူဆသော ရောဂါ မဟုတ်ပါက အချိန်မီ ပြန်လည် ကုသပေးခဲ့လျှင် ၄င်းလူနာသည် လူ့ဘဝသက်တမ်းစေ့ နေနိုင် မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ငွေမျက်နှာ ကြောင့်သော်လည်းကောင်း၊ မိမိရရှိထား သော ဆရာဝန်ဂုဏ်သိက္ခာဘွဲ့ ကျဆင်း မည်စိုးသောကြောင့်လည်းကောင်း၊

လူနာ အား မလိုလားအပ်ဘဲ ဗိုက်ခွဲ၊ ဗိုက်ထဲကနေ ရောဂါပြစရာအကြောင်း တစ်ခုခုရှာပြီးဖြတ် တောက်၊ လှီးဖြတ်ပစ်လိုက်ပါက အနာတခြား၊ ဆေးတခြား ဖြစ်နိုင်ပေသည်။ ထိုကဲ့သို့ ဆရာဝန်၏ ဆုံးဖြတ်ချက်မှားမှုကြောင့် လူ့အသက်တစ်ချောင်း မဆုံးရှုံးသင့်ဘဲဆုံး ရှုံးခဲ့ရသည့် ကြေကွဲရင်နင့် ဖွယ်ဖြစ်ရပ်ဆိုး တစ်ခု ရန်ကုန်မြို့ရှိ နာမည်ကြီး ပုဂ္ဂလိက အထူးကုဆေးခန်းတွင် အောက်တိုဘာ (၂၅)ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း သိရှိခဲ့ရ သည်။
နာမည်ကြီးအထူးကုဆေးခန်းရှိ နာမည်ကြီး အထူးကုဆရာဝန်၏ ဆုံးဖြတ်ချက်မှားမှုတွင် ဓားစာခံဖြစ်သွားရရှာသည့် ခိုင်ရွှန်းလဲ့ရည်သည် သူငယ်ချင်း အပေါင်းအသင်းများ၊ မိဘဆွေမျိုးများနှင့် ဆရာ၊ ဆရာမများ၏ ချစ်ခင်မြတ်နိုးမှုကို အပြည့်အဝ ရရှိထားပြီး နှစ်စဉ်ကျောင်း၌ ထူးချွန်တံဆိပ် တက်ယူရသူဖြစ်သည်။ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆)ရပ်ကွက်၊ ဇဋိလ(၁)လမ်း၊ အမှတ် (၉၈၂)တွင် နေထိုင်သူ ဖြစ်ပြီး၊ ကမာရွတ်မြို့နယ်၊ အ.ထ.က(၂) တွင် နဝမတန်း ပညာသင်ကြားလျက်ရှိကာ ဗြိတိသျှ သံရုံးတွင် အင်္ဂလိပ်စာပညာ သင်ကြားလျက်ရှိပြီး (B.C) S.4.1 အဆင့် ရောက်ရှိနေပေပြီ။ ခိုင်ရွှန်း လဲ့ရည်သည် အသက်(၁၅)နှစ်အရွယ်ရှိပြီး အောက်တိုဘာ(၂၆)ရက်နေ့တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာ ဖြေဆိုမည့်ဆဲဆဲ အောက်တိုဘာ(၂၅) ရက်၊ နံနက်(၉းဝဝ)နာရီတွင် ရန်ကုန်မြို့ရှိ နာမည်ကြီး ပုဂ္ဂလိကအထူးကု ဆေးရုံ၌ နေမကောင်း၍ ဆရာဝန်အားပြသခဲ့ရာ ဆရာဝန်ကြီးမှ အူအတက်ရောင်ရောဂါဟု ဆိုကာ ဗိုက်ခွဲခဲ့ပြီး အောက်တိုဘာ (၂၇)ရက်၊ နံနက်(၆း၂ဝ)တွင် ၄င်းဆေးရုံ၌ သေဆုံးသွားကြောင်း ခိုင်ရွှန်းလဲ့ရည်၏ ဦးလေးတော်စပ်သူ ဦးစိုးလင်းက လျှပ်တစ်ပြက် သတင်းဂျာနယ်သို့ ပြောပြခဲ့သည်။
ခိုင်ရွှန်းလဲ့ရည်၏ အုပ်ထိန်းသူ မိခင်ဒေါ်ချိုချိုမြင့်က
'' သမီးက အောက်တိုဘာ (၂၁)ရက် နေ့လောက်ကတည်းက ဖျားနေတာ။ ကိုယ်ပူက တက်လိုက်၊ ကျလိုက်နဲ့ မသက်သာဘူး။ အောက်တိုဘာ (၂၅)ရက်နေ့ နံနက် (၉းဝဝ) နာရီမှာ ရန်ကုန်မြို့ရှိ နာမည်ကြီးပုဂ္ဂလိက အထူးကုဆေးခန်း အရေးပေါ် လူနာဌာနကို ရောက်တယ်။ (၉း၃ဝ)မှာ ဆရာဝန်ကြီးရောက်လာပြီး သမီးရဲ့ဗိုက်ကိုလက်နှင့်စမ်းတယ်။ လက်ဖဝါးတွေကို ကြည့်တယ်။ မျက်လုံးကိုကြည့်တယ်။ ပါးစပ်ဟခိုင်းတယ်။ ကျွန်မကတော့ သမီးအတွက် စိုးရိမ်နေတာက လွဲပြီး ဆရာဝန်က သမီးရဲ့ လက်တွေ၊ မျက်လုံးတွေက ဖွေးနေတာပဲလို့ ပြောတော့ ကျွန်မလည်း ဟုတ်တယ်။ ဖွေးနေတယ်လို့ ပြောခဲ့တယ်။ သမီးကို Pressure တိုင်းတော့ အပေါ်သွေး (၉ဝ)၊ အောက်သွေး (၆ဝ)ပဲရှိတယ်။ အဲ့ဒီအချိန်မှာ ဆရာဝန်ရဲ့ စစ်ဆေးချက်က ပြီးသွားပြီလို့ ကျွန်မထင်တာပဲ။ ဆရာဝန်ကြီးက အနီးစပ်ဆုံး အူအတက်ရောင်ရောဂါပဲ၊ ခွဲမလားလို့မေးတယ်။ ကျွန်မတို့က ဘာမှနား မလည်တော့ ဆရာဝန်ကြီးခွဲသင့်ရင်ခွဲပါ။ ဆရာဝန်ကြီး သဘောပါလို့ ပြောလိုက်တော့ တာဝန်ခံ (MO) ကိုခွဲစိတ်ခန်းဝင်မယ့် အကြောင်း ပြောပြီး ထွက်သွားတယ်။
ကျွန်မက သွေးပေါင် ၉ဝ/၆ဝ ဆိုရင်ခွဲလို့ ရရဲ့လားလို့မေးတော့ (MO)က ဆရာဝန် ကြီးလုပ်တတ်တယ်။ ဘာမှမပူနဲ့အစ်မလို့ ပြောတယ်။ မခွဲခင် နံနက်(၁ဝ)နာရီမှာ E.C.G ဆွဲပြီး၊ T.V ဓာတ်မှန်မရိုက်၊ သွေးမစစ်ဘဲသမီးလေးကို ခွဲစိတ်ခန်းထဲ ချက်ချင်းပို့လိုက်တယ်။ နေ့လယ်(၁၁း၃ဝ)နာရီ ဝန်းကျင်မှာ ခွဲစိတ်ခန်းထဲက ထွက်လာပြီး အူအတက်သေးသေးလေးနဲ့ သမီးဝမ်းဗိုက်ထဲက စက်နှင့် စုပ်ထုတ်ထားတဲ့ သွေးနဲနဲပါ၊ ဝါကြင်ကြင်ဂျယ်လီတွေကို ကျွန်မတို့ကိုပြတယ်။ ကျွန်မလည်း အူအတက်ရောင်ရောဂါနဲ့ ဗိုက်ခွဲထားဖူးတော့ ငါ့သမီးလေးတော့ မှားပြီး အခွဲခံရပြီလို့ ထင်လိုက်မိတယ်။ ဂျယ်လီလို အရည်တွေကို ဘာလို့စုပ်ထုတ်တာလဲ ဆိုတာတော့ မသိရဘူး။ ကျွန်မတို့အထင် မှားခွဲမိလို့ ရောဂါတစ်ခုခု ပြဖို့ပဲလို့ ထင်တယ်။ သမီးလေး သတိရလာတော့ အရမ်းနာကျင်နေတယ်။ ခွဲစိတ်ခန်းဝင်နေတဲ့အချိန်မှာ ထုံဆေး ပြယ်သွားတော့ နာတယ်..နာတယ်..ဆိုပြီး သမီးရဲ့အော်သံကိုလည်း အကျယ်ကြီး ကြားရတယ်။ နောက်တော့ သမီးကို အိပ် ဆေးထိုးလိုက်တယ်။ အဲဒီ ခွဲစိတ်ခန်းထဲက အကြောင်းတွေကို သမီးပြောပြခဲ့တာ။ ကျွန်မ သမီးလေးကို အရမ်းသနားတာပဲ။ ခွဲစိတ်ပြီး သီးသန့်ကိုယ်ပိုင်အခန်း မရသေးခင်၊ ပိုးသတ် ခန်းမှာ ညနေ (၃းဝဝ)နာရီထိနေရတယ်။ အဲဒီ အချိန် ဆေးရုံရဲ့အခန်းနံရံကို လျှပ်စစ်မော်တာနဲ့အပေါက်ဖောက်တယ်။ တူတွေနဲ့ထုတယ်။ အသံတွေက ဆူညံနေတာပဲ။ ဒါကတော့ ဆေးခန်းရဲ့ ဝန်ဆောင်မှုညံ့ဖျင်းတဲ့အကြောင်းပါ။ ကျွန်မတို့ပြောတာ ပြောလို့မရဘူး။ ကျွန်မအပြင်းအထန်ကန့်ကွက်မှ ဝရိန်မဆော်တော့ဘဲ ရပ်သွားတယ်။ ကျွန်မသမီးလေးအတွက် အခန်းရတော့ (၅)ထပ်မှာရှိ တဲ့ အခန်းကို ပြောင်းလိုက်တယ်။ သမီးလေးက မသက်သာဘူး၊ အရမ်းနာတယ်ပြောတော့ MO ကို သွားပြောတယ်။ ဒီလိုပဲ သက်သာသွား မှာပါဆိုပြီး ကျွန်မတို့ကိုပြောလွှတ်တယ်။ ဂလူးကို့(စ်) တစ်ပုလင်း သွင်းရင် သွေး ပေါင်ချိန်က (၁ဝ)ကျ ကျသွားတယ်။ ကျွန်မ တို့ သတိထားမိတော့ ညနေ (၅းဝဝ)နာရီ၊ (၆းဝဝ) နာရီလောက်မှာ ဒေါက်တာရယ် ဒီ အတိုင်းထားလို့ဖြစ်ပါ့မလား၊ လာကြည့် ပေးပါဦးလို့ သွားပြောတယ်။ အဲဒီ့အချိန် မှာ သမီးကိုသွေးဖောက်စစ်တယ်။ သွေး ပေါင်ချိန်တိုင်းတော့ (၇ဝ/ ၅ဝ)ဖြစ်နေပြီ။ ည(၁ဝးဝဝ)နာရီလောက်မှာ သွေးရှာခိုင်း တော့ သွေးရှာပေးတယ်။ နံနက်(၂းဝဝ) နာရီလောက်မှာ သွေးတစ်ပုလင်း စသွင်း ဖြစ်တယ်။ မနက်မိုးလင်းပြီးမှ သွေးကုန် သွားတယ်။ ခွဲပြီးနောက်နေ့ထိ ဆရာဝန် ကြီးက မလာသေးတာနဲ့ သွားခေါ်ခိုင်း တယ်။ မလာဘူး။ ခွဲပြီးနောက်နေ့ အောက်တိုဘာ(၂၆)ရက်၊ နေ့လယ် (၁၂းဝဝ)နာရီ မှာတစ်ကြိမ်သာ လာကြည့်သွားတယ်။
နောက်ထပ်ဆရာဝန် နှလုံးပါရဂူ လာပြီး စောင့်ရှောက်ကုသပေးတယ်။ အောက်တို ဘာ(၂၇)ရက်၊ နံနက်(၅း၃ဝ) နာရီခွဲမှာ နှလုံးပါရဂူဆရာဝန်ကို သွားပင့်တော့ ဆရာဝန်ကြီးက စေတနာပါပါနဲ့ သမီးလေးကို ကြိုး စားပြီး ကုသပေးရှာပါတယ်။ ပထမ ခွဲစိတ်ပေးတဲ့ ဆရာဝန်ကြီးကတော့ ကျွန်မ သမီးလေးကို ခွဲတဲ့အချိန်နဲ့ နောက်နေ့တစ်ခါသာ လာကြည့်သွားတယ်။ ကျွန်မသမီးလေးက အောက်တိုဘာ (၂၇)ရက်၊ နံနက်(၆း၂ဝ)မှာ ကွယ်လွန်သွားတယ်။ တာချီလိတ်ကို ခရီးသွားနေတဲ့ သမီးရဲ့အဖေက အချိန်မီပြန်လာတယ်။ ဒါပေမယ့် နံနက် (၉း၃ဝ)နာရီမှ ရောက်လာတော့ သမီး ရဲ့အသက်ကိုမမီတော့ဘူး။ ကျွန်မ ယောက်ျားက သူ့သမီးကြီးကို အရမ်းချစ်တာ၊ သမီးလေးကို သွေး(၂)ပုလင်း၊ သွေးရည်ကြည်(၁)ပုလင်း သွင်းခဲ့ရတယ်။ MO တွေရဲ့ပြော ချက်အရ သမီးလေးက သွေးလွန်တုပ်ကွေး ဖြစ်နေတာ။ ဒါကြောင့်မို့ သွေးကြောမွှားလေးတွေကနေ သွေးယို စိမ့်ပြီး သွေးသွင်းလည်း အကျိုးမရှိဘူးလို့ ပြောပြကြတယ်။ ကျောက်ကပ်ပျက်စီးသွားတယ်၊ အသည်း ကြီးသွားတယ်၊ နှလုံးလည်း ထိတယ်လို့လည်း ပြောတယ်။ သွေးလွန် တုပ်ကွေးကိုမစစ်ဘဲ ဆရာဝန်ကြီးက မှားခွဲမိတာလားလို့မေးတော့ ဘာမှမပြောကြဘူး။ ဆေးရုံမှာ(၂)ရက် သမီးလေးကုသခဲ့တဲ့ ဆေးစရိတ်ကုန်ကျငွေက (၁၁)သိန်းကျော် ရှင်းခဲ့ရတယ် ''ဟု ပြောပြခဲ့သည်။ ¤င်းအထူးကုဆေးရုံ၏ အစုရှယ်ယာ ပါဝင်သူတစ်ဦးသည် ခိုင်ရွှန်းလဲ့ရည်၏ ဖခင်နှင့်မိတ်ဆွေဖြစ်ပြီး ခိုင်ရွှန်းလဲ့ရည်၏ နာရေးပြီးဆုံးသည့်နောက်နေ့တွင် အိမ်သို့ ရောက်ရှိလာကြောင်း မိခင်ဒေါ်ချိုချိုမြင့်က ဆက်လက်ပြောပြခဲ့သည်။ '' ကျွန်မတို့က အဖြစ်အပျက်အားလုံးကို ပြောပြလိုက်တယ်။ သူက သိပြီးသားဖြစ်နေတယ်။ အဲဒီ့ဆေးရုံမှာ သမီးနဲ့ပတ်သက်ပြီး နိုဝင်ဘာ(၂)ရက်နေ့မှာ အစည်းအဝေး(၂)ခါထိုင်တယ်ဆိုတဲ့ အကြောင်း ကျွန်တော်တို့ ဆရာဝန်ကြီး ဆုံးဖြတ်ချက်မှားတာပါ ဆိုတဲ့အကြောင်း သမီးကသွေးဖြူဥအားနည်းနေသည်ကို မစစ်ဘဲခွဲလိုက်သည့် အတွက်ကြောင့် အခုလိုဖြစ်ရကြောင်းတောင်းပန် သွားတယ်။ ဆရာ ဝန်ကြီးက အခု တရုတ်ပြည်သွားနေလို့ ပြန်လာရင် ကျွန်မတို့အိမ်ကိုခေါ်လာပြီး တောင်းပန်ခိုင်းမယ်လို့ ပြောတော့ ကျွန်မယောက်ျားက မခံစားနိုင်ဘူး၊ ခေါ်မလာပါနဲ့''လို့ပဲ ပြောလိုက်တယ်။
သွေးလွန်တုပ်ကွေး ဖြစ်နေသော ကလေးကို မှားယွင်းစွာခွဲစိတ်ပြီး သိလျှင်သိချင်း အရေးပေါ် ကုသမပေးခဲ့ဘဲ၊ အထူးကြပ်မတ်ဆောင်သို့ ချက်ချင်းမပို့ဘဲ သာမန်လူနာတစ်ဦး ကဲ့သို့ ပစ်ထားခဲ့ခြင်းနှင့် ဆရာဝန်၏ ကျင့်ဝတ်နှင့် မညီမှုတို့ကြောင့် မခိုင်ရွှန်းလဲ့ရည်၏ မိခင်သည် များစွာ စိတ်ထိခိုက်ရပြီး ကြားလူတစ်ဦး၏ စိတ်မကောင်းပါဘူးဟု တောင်းပန်ပြောစကားနှင့် ဖြေဖျောက်လို့ မရနိုင်ကြောင်း၊ မခိုင်ရွှန်းလဲ့ရည်အား စာသင်ပေးနေသော ဆရာမများက ထူးချွန်ထက်မြက်ပြီး စာအလွန်တော်သည့် ကလေးငယ်တစ်ဦး မသေသင့်ဘဲ သေဆုံးသွားခဲ့သည့် အတွက် လွန်စွာနှမြောမိကြောင်း၊ မခိုင်ရွှန်းလဲ့ရည်သည် ဘာသာစုံ ဂုဏ်ထူးနှင့် အောင်မြင်မည့် ကလေးတစ်ဦးဖြစ်သောကြောင့် ဆရာမများ အားထားရသည့် တပည့်တစ်ဦးလည်း ဖြစ်ကြောင်း၊ ခိုင်ရွှန်းလဲ့ရည်အား ရည်စူးပြီး ရန်ကုန်၊ နာရေးကူညီမှု အသင်းသို့ ငွေငါးသိန်းကျပ်၊ ရပ်ကွက်နာရေး ကူညီမှုအသင်းကို တစ်သိန်းကျပ်၊ ရပ်ကွက် လမ်းပြုပြင်တဲ့နေရာမှာ တစ်သိန်းကျပ် လှူဒါန်းခဲ့ကြောင်း မိခင်ဖြစ်သူဒေါ်ချိုချိုမြင့်က လျှပ်တစ်ပြက်သတင်းဂျာနယ်သို့ ပြောပြခဲ့သည်။
အထက်ပါ ကြေကွဲရင်နင့်ဖွယ် ဖြစ်ရပ်မျိုးနှင့် ပတ်သက်၍ အခြားလူနာများဤကဲ့သို့ အဖြစ်ဆိုးနှင့် ထပ်မံမကြုံတွေ့စေရန် အထူးကုဆေးခန်းရှိ ဆရာဝန်များ အတွေ့အကြုံ ရှိသော်လည်း ဆေးပညာကို အဆက်မပြက်လေ့လာပြီး သတိရှိရှိနှင့်စေတနာထားကာ လူနာများအား ကြည့်ရှုစောင့်ရှောက်ကုသပေးသင့်ကြောင်း အပြုသဘောဆောင်၍ ကာယကံရှင်ဆွေမျိုးအသိုင်းအဝိုင်းက လျှပ်တစ်ပြက်သို့ထပ်မံပြောကြားခဲ့သည်။


ဖိုးစိုင်း


မှတ်ချကိ//http://www.snapshot-news.com/ss/မှဖေါ်ပြသည်

ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...

ကိုညီညီအောင်ကိုနိုင်ငံခြားငွေတရားမဝင်သယ်ဆောင်မှု ပုဒ်မထပ်တပ်

26/11/2009
RFA

ရန်ကုန် မင်္ဂလာဒုံလေဆိပ်အဝင်မှာ အဖမ်းဆီးခံရပြီး အင်းစိန်အကျဉ်းထောင်မှာ အထိန်းသိမ်းခံနေရတဲ့ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင်အပေါ် နိုင်ငံခြားငွေကြေး တရားမဝင် ယူဆောင်လာမှုနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၂၇ လာမဲ့ သောကြာနေ့မှာ တရားလိုပြသက်သေတွေကို ခေါ်ယူစစ်ဆေးဖို့ ရှိကြောင်း ကိုညီညီအောင်ရဲ့ ရှေ့နေ ဦးကြည်ဝင်းက RFA ကို ပြောပါတယ်။အစောပိုင်းမှာ စစ်အစိုးရက ကိုညီညီအောင်ကို ပုဒ်မ ၄၂ဝ လိမ်လည်မှု ပုဒ်မ ၄၆၈ စာရွက်စာတမ်းအတု သုံးစွဲမှု ပုဒ်မတွေ တပ်ထားပေမဲ့ အခုနောက်ဆုံး ကိုညီညီအောင်ကို ထပ်စွဲလိုက်တဲ့ပုဒ်မကတော့ လေဆိပ်အဝင်မှာ အမေရိကန်ဒေါ်လာကို တရားဝင်မကြေညာပဲ လျှို့ဝှက်သယ်ဆောင်မှု ပုဒ်မပဲဖြစ်ကြောင်း ကိုညီညီအောင်ရဲ့ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

ကိုညီညီအောင်ကို မေးမြန်းနိုင်ဖို့ သူ့ရှေ့နေတွေဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ ဦးဥာဏ်ဝင်းတို့က ပြီးခဲ့တဲ့ စနေနေ့က အာဏာပိုင်တွေကို စာရေးသား တောင်းဆိုခဲ့ရာမှာ ဒီကနေ့ ကိုညီညီအောင်နဲ့ တွေ့ဆုံမေးမြန်းခွင့် ရကြောင်း ရှေ့နေဦးကြည်ဝင်းက RFA ကို ပြောပါတယ်။

ဦးကြည်ဝင်း။ ။ 'အဓိကက ညီညီအောင်ကို foreign exchange နိုင်ငံခြားငွေ လဲလှယ်ရေး ဥပဒေနဲ့ ထပ်ပြီး စွဲတင်တယ်လေ။ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ညီညီအောင်နဲ့ က္ဆွန်တော်တို့နဲ့ တေ့တေ့ဆိုင်ဆိုင် သူနဲ့ကို တွေ့ဆုံပြီးတော့ ဘယ်လိုဖြစ်တာလဲ၊ အဲဒါကို ဆွေးနွေးချင်တာနဲ့ က္ဆွန်တော်တို့ စာတင်လိုက်တယ်၊ စာတင်လိုက်တော့ ထောင်ကလည်း ခွင့်ပြုတယ်။'

အင်းစိန်ထောင်တွင်း ဒီကနေ့တွေ့ဆုံကြရာမှာ ကိုညီညီအောင် ကျန်းမာရေး ကောင်းမွန်တာ တွေ့ရကြောင်းနဲ့ အမှုရဲ့ ရှေ့အလားအလာ ဘယ်လိုရှိမယ်ဆိုတာ သူ့အနေနဲ့ ခန့်မှန်းပြောဆိုဖို့ခက်ကြောင်း ကိုညီညီအောင်ရဲ့ ရှေ့နေဦးကြည်ဝင်းက ပြောပါတယ်။

ကိုညီညီအောင်ဟာ မြန်မာပြည်တွင်းမှာ မငြိမ်မသက်ဖြစ်အောင် ဖန်တီးဖို့ ဝင်ရောက်လာတယ်ဆိုပြီး စစ်အစိုးရဖက်က စွပ်စွဲထားတဲ့အပြင် ၊ သူနဲ့ ပတ်သက် ဆက်နွှယ်နေတယ်လို့ ယူဆခံရသူ တချို့ကိုလည်း စစ်အစိုးရက ဖမ်းဆီးခဲ့ပါတယ်။

ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...